Wednesday, April 29, 2015

အင်န်အယ်လ်ဒီပါတီတွင် ဒေါ်အောင်ဆန်းစုကြည်မှလွဲ၍ ကျန်ပါတီဝင်များအား သမ္မတရာထူး ရွေးချယ်ထားခြင်းမရှိ


NLD ပါတီတွင် ပါတီဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်မှလွဲ၍ ကျန်ပါတီဝင်များအား သမ္မတရာထူးကိုရွေးချယ်ထားခြင်းမရှိဟု ပါ တီဗဟိုအလုပ်အမှုဆောင်တစ်ဦးက ရန်ကုန် တိုင်းမ်ဂျာနယ်သို့ ပြောသည်။အဆိုပါ သမ္မတရာထူးအား ဒေါ်အောင် ဆန်းစုကြည်တစ်ဦးတည်းအား ရွေးချယ်ထား မှုကို ပါတီဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ် သူ ဒေါ်နန်းခင်ထွေးမြင့်အား ဆက်သွယ်မေး မြန်းရာတွင် ''ပါတီကတော့ ၂ဝ၁၅ရွေးကောက် ပွဲအတွက် သမ္မတရာထူးကို ဘယ်သူ့ကိုမှ ရွေး ချယ်ထားခြင်း မရှိသေးပါဘူး။ ပါတီဥက္ကဋ္ဌ သမ္မတဖြစ်ဖို့အတွက် အတားအဆီးဥပဒေတွေ ကို ကျန်ရှိလွှတ်တော်သက်တမ်းမှာ ပြင်ဆင် နိုင်ဖို့ ကြိုးစားသွားမယ်''ဟုပြောသည်။

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ပြည်တွင်းပြည်ပခရီးစဉ်များတွင် နိုင်ငံ တော်သမ္မတရာထူးကို မျှော်လင့်ကြောင်း၊ လူ တိုင်း သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသော ဥပဒေများကို လူထုဆန္ဒနှင့်အညီ သက်ဆိုင် ရာအဖွဲ့မှ ဖယ်ရှားပေးသင့်ကြောင်း ပြောဆို ထားပြီး ဖြစ်သည်။ ထိုနည်းတူ ဖွဲ့စည်းပုံပြင် ဆင်ရေးနှင့် သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထား သော ဥပဒေများကို NLD ပါတီနှင့် ပွင့်လင်း အဖွဲ့မှ လူထု လက်မှတ် ငါးသန်းကောက်ခံပြီး လွှတ်တော်သို့ ပေးပို့ထားပြီးဖြစ်သည်။ သို့ သော်လည်း အဆိုပါလက်မှတ်ငါးသန်းကျော် သည် ပြည်သူလူထုဆန္ဒအားလုံးကို ကိုယ်စား မပြုနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားထားပြီးဖြစ် သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာအေးမောင်က ''ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ဆိုတာ လွယ်တဲ့အရေးမဟုတ်ဘူး။ အားလုံးက နိုင်ငံတော်သမ္မတနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပေါ်မှာပဲ မူတည်တယ်'' ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ သည် ၁၉၉ဝပြည့်နှစ်နှင့် ၂ဝ၁၂ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် ပြိုင်ဘက်ပါတီများ ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသောပါတီ လည်းဖြစ်သည်။

Yangon Media Group

No comments:

Post a Comment