Sunday, April 26, 2015
ယနေ့တွင် အင်တာနက်ဝယ်ပြန့်နှံ့နေသည့် ဗီဒီယိုဇာတ်ကားကို လုံးဝရိုက်ကူးခဲ့ခြင်းမရှိကြောင်း နေထက်လင်းကပြော
ယနေ့တွင် အင်တာနက်ဝယ်ပြန့်နှံ့နေသည့် ဗီဒီယိုဇာတ်ကားကို လုံးဝရိုက်ကူးခဲ့ခြင်းမရှိကြောင်း နေထက်လင်းကပြောသည်။"ကျွန်တော်ရိုက်ကူးခဲ့တာ ဖားသည်မသား ဇာတ်ကားပါ။ ဖာသည်မသားဇာတ်ကားမဟုတ်ပါဘူး။ ဒီလိုလုပ်တာ ကျွန်တော်ကို မလိုလားတာပဲဖြစ်ဖြစ် စာလုံးပေါင်း မှား ပေါင်း တာပဲ ဖြစ်ဖြစ် ဒီစာကို နားမလည်တာပဲဖြစ်ဖြစ် တင်လိုက်တော့ ပရိသတ်တွေအထင်မြင်လွဲမှားသွားတဲ့အတွက် စိတ်မကောင်းဖြစ်တယ် "ဟု နေထက်လင်းက Popular News သို့ပြောသည်။
အဆိုပါ ဖားသည်မသား ဇာတ်ကားမှာ ၀ဋ်ကြွေးအလှည့်အပြောင်းကိုပေါ်လွင်အောင်ရိုက်ကူးထားသည့်ဇာတ်ကားဖြစ်သည့်အတွက် နယ်အကြိုက်ဇာတ်ကားတစ်ကားဖြစ်နိုင်ကြောင်းသူကပြောသည်။
"လာအပ်ကတည်းက ထုပ်လုပ်ရေးကို ကျွန်တော်ပြောတယ် နာမည်ဆန်းတာ ဇာတ်ဆန်းတာ ဟုတ်တယ် ဖားမှာ ၀စ္စနှလုံးပေါက် ကျန်ခဲ့ရင် ပြသနာဖြစ်နိုင်တယ်တောင်ပြောလိုက်သေးတယ်။ ကျွန်တော် အဲလိုဇာတ်ကားမျိုး မရိုက်ပါဘူး အခုက အသိပညာပေးတဲ့ သဘောရောက်လို့ရိုက်တာပါ"ဟုနေထက်လင်းကဆိုသည်။
ယခု အင်တာနက် လူမှုကွန်ရက်ဝယ် ပြန့်နှံ့နေသည့် ဇာတ်ကာကြော်ငြာပိုစတာပုံမှ ပြန်လည်ပြုပြင်ဖန်တီးထားသည့် ပုံအတုဖြစ်နိုင်ချေများကြောင်း ကွန်ပျူတာဒီဇိုင်းနာတစ်ဦးကပြောပါသည်။
"ပုံက ဇာတ်ကားနာမည်နေရာမှာ အစင်းကြောင်းကြီးတွေတွေ့ရတယ်ဗျ။ ဘယ်ပုံကိုပဲဖြစ်ဖြစ် photo shop နဲ့ ကြိုက်သလိုပြန်ပြင်လို့ရပါတယ်။ ကျွမ်းကျင်ရင် ကျွမ်းကျင်သလောက် လက်ရာကောင်းပြီး ပိရိသေသပ်ပါတယ်။ ခုဟာကတော့ ရည်ရွယ်ချက်တစ်ခုခုနဲ့ ပြင်ပြီး အင်တာနက်ကို တင်ထားတဲ့ ခပ်ညံ့ညံ့လက်ရာတစ်ခုလို့ပဲ ကျွန်တော်ပြောချင်ပါတယ်"ဟု ယင်း ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်းနာကပြောသည်။ သူသည် ကွန်ပျူတာ ဂရပ်ဖစ်ဒီဇိုင်းလုပ်သက် နှစ် ၂၀ ခန့်ရှိပြီဖြစ်ပြီး photoshop 3 ခေတ်ကတည်းက ဒီဇိုင်းနာလုပ်ခဲ့ကြောင်းသိရသည်။
ထူးထူး
Popular Myanmar News Journal

No comments:
Post a Comment