Sunday, May 17, 2015
သမ္မတရာထူး မက်မောစရာမရှိသော်လည်း လုပ်ပိုင်ခွင့်ရှိသောနေရာဖြစ်သဖြင့် လုပ်ပိုင်ခွင့်ရချင်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို
နိုင်ငံတော်သမ္မတဆို သည့်ရာထူးမှာမိမိအတွက် မက်မောလောက် စရာမရှိသော်လည်း သမ္မတဆိုသည့်နေရာ သည်လုပ်ပိုင်ခွင့်ရှိသော နေရာဖြစ်သော ကြောင့် မိမိအနေဖြင့်လုပ်ပိုင်ခွင့်များရချင် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောသည်။''သမ္မတဆိုတဲ့နေရာက မက်မော လောက်စရာမရှိပါဘူး။ ဒါပေမဲ့ သမ္မတနေ ရာကတော့ လုပ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်မအ နေနဲ့လုပ်ပိုင်ခွင့်တွေရချင်ပါတယ်''ဟု ဒေါ် အောင်ဆန်းစုကြည်က မေ ၁၆ရက် ညနေ ပိုင်းက မော်လမြိုင်မြို့၌ကျင်းပသည့်လူထု နှင့် တွေ့ဆုံပွဲတွင်ပြောဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာ ပြည့်အထိမ်းမှတ်အဖြစ်ကျင်းပသည့် အဆို ပါလူထုဟောပြောမှုတွင် ဒေါ်အောင်ဆန်း စုကြည်၏သမ္မတဖြစ်ခွင့်အတွက် တားဆီး ထားသောအခြေခံဥပဒေပါပြဋ္ဌာန်းချက်နှင့် ပတ်သက်၍လည်း ပြောဆိုခဲ့သည်။
အခြေခံဥပဒေပါပုဒ်မ ၅၉ (စ) နှင့်ပတ်သက်၍ ''အဲဒီပုဒ်မ၅၉(စ)ပေါ့။ အဲ ဒီပုဒ်မက ကျွန်မကိုသမ္မတမဖြစ်အောင်ထည့် သွင်းထားတဲ့ပုဒ်မပါ။ ပြောင်းမလား မပြောင်း ဘူးလားဆိုတာကတော့ သတ္တိရှိရင်ပြောင်း လိမ့်မယ်။ သတ္တိမရှိရင် မပြောင်းပါဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် မှုများတွင် ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ကဲ့သို့ ပုဒ်မများမှာ လွှတ်တော်အ တွင်းထောက်ခံ မှုဖြင့်သာမကပဲ လူထုဆန္ဒခံယူပွဲပြုလုပ်ကျင်း ပပြီးမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။ လူထု ဆန္ဒခံယူပွဲများပြုလုပ်ကျင်းပရန်မှာ ရွေး ကောက်ပွဲကျင်းပမည့်နှစ်နှင့် တစ်ပြိုင်တည်း ဖြစ်နေပြီး အချိန်ကာလအားဖြင့်လည်း သိပ် မကျန်တော့သဖြင့် လူထုဆန္ဒခံယူပွဲများပြု လုပ်ကျင်းပရန်မဖြစ်နိုင်တော့ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကမီဒီယာများကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြောဆိုထားသည်။
မော်လမြိုင်မြို့၌ကျင်းပသည့် အဆိုပါလူထုဟောပြောပွဲအခမ်းအနားသို့ ပရိသတ် ၂ဝဝဝဝခန့် တက်ရောက်ခဲ့ပြီး မေ ၁၇ရက်(ယနေ့)တွင် သံဖြူဇရပ်မြို့တွင် လူထုဟောပြောပွဲဆက်လက်ကျင်းပသွား ရန်ရှိနေကြောင်း သိရသည်။
TheFlowerNews

No comments:
Post a Comment