
ပရိသတ်များအတွက် အမှတ်တရပစ္စည်းများ ရောင်းချ ပေးနေသည့် ၀တ်မှုံရွှေရည်က ယခုတစ်ကြိမ်၌လော့ကတ်ရင်ထိုး နှင့် နားဆွဲလေးများကို ရောင်းချ ရန်အစီအစဉ်ရှိကြောင်း သတင်း ရရှိသည်။‘‘လော့ကတ်မှာ ရင်ထိုးပါ တစ်ခါတည်းပါမယ်။ လော့ကတ် လိုရော ရင်ထိုးရော နှစ်မျိုးသုံးလို့ ရမယ်။ ပြီးတော့ နားဆွဲရဲ့ ဒီဇိုင်း ကတော့ နှစ်မျိုးသုံးမျိုးလောက် ဖြစ်မယ်’’ဟု ၀တ်မှုံရွှေရည်က ယခုတစ်ကြိမ် ရောင်းချမည့် Collection ပစ္စည်းများအကြောင်း ပြောသည်။
ဝတ်မှုံရွှေရည်သည် ပြီးခဲ့ သည့်နှစ် သြဂုတ်လကစ၍ ၎င်း၏ ပုံများရေးဆွဲထားသည့် ခေါင်းအုံး လေးများကို ပထမဆုံးရောင်းချခဲ့ ပြီး နောက်ပိုင်းတွင်လည်စည်းပ၀ါ လေးများကို ထပ်မံရောင်းချခဲ့ သည်။
‘‘ပစ္စည်းကတော့ ရောက်နေ ပြီ။ ဇွန်လထဲမှာ ထုတ်ဖြစ်မှာပါ။ နောက်အကျဆုံးဇွန်လကုန်ပေါ့’’ ဟု ၎င်းက ပြောသည်။
အမှတ်တရအနေဖြင့်ရောင်း ချပေးမည့် ပစ္စည်းများနှင့် ဒီဇိုင်း များအဆင်သင့်ရှိသော်လည်း ပရိ သတ်များဝယ်ရကျိုးနပ်စေရန်နှင့် အရည်အသွေးကောင်းစေရန် အ ချိန်ယူစီစဉ်ခြင်းဖြစ်ကြောင်း ၎င်း ကဆိုသည်။
‘‘အမှတ်တရပစ္စည်းလေး တွေကို ကစ်ထုတ်သွားဦးမှာပါ။ ဒါပေမဲ့ ဒီဘက်မှာ ရုပ်ရှင်ရော၊ ဗီ ဒီယိုရော၊ ကြော်ငြာရောဆိုတော့ ဒီဘက်က အလုပ်တစ်ဖက် Collection ကတစ်ဖက်ဆိုတော့ ဒီဘက်မှာအလုပ်နည်းနည်းလေး ရှုပ်နေလို့ အဲဒီဘက်ကို အချိန်ပေး ရတာနည်းနည်းခက်သွားလို့ပါ’’ ဟု ၀တ်မှုံရွှေရည်က ပြောကြား သည်။
7Day Daily
No comments:
Post a Comment