Saturday, May 9, 2015

အစိုးရတပ်နှင့် ကေအိုင်အေ မန်စီမြို့နယ်တွင် လေးရက်ဆက်၍ တိုက်ပွဲဖြစ်

အစိုးရတပ်နှင့် ကေအိုင် အေတို့ ဗန်းမော်ခရိုင် မန်စီမြို့နယ် ကေအိုင်အေ တပ်မဟာ(၃)နယ်မြေအတွင်း တိုက်ပွဲများ လေးရက် ဆက်တိုက် ဖြစ်ပွားခဲ့ပြီး အစိုးရ တပ်ဘက်မှ လေကြောင်းကပါ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိ သည်။ကေအိုင်အေတပ်မဟာ(၃) နယ်မြေတပ်ရင်း (၁၂)ဒေသဖြစ် သည့် နမ့်လင်းပါ ဒေသများနှင့် တပ်ရင်း (၂၇) မဂရန်ဒေသများ တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ကေအိုင်အေ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

‘‘ဒီနေ့လည်း မနက် ၆ နာရီ ကနေဖြစ်တယ်။ ပြီးတော့ ညနေ ပိုင်းမှာလည်း ဖြစ်တယ်’’ဟု အ ထက်ပါပုဂ္ဂိုလ်က ဆိုသည်။

အဆိုပါဒေသ၌လေကြောင်း (ဂျက်)လေယာဉ်များဖြင့် သုံးရက် ဆက်တိုက်ခိုက်ခဲ့ပြီး မေလ ၉ ရက်တွင် ပစ်ခတ်မှုမရှိသော်လည်း လေယာဉ်များလာရောက်ဆဲဖြစ်ကြောင်း ဗန်းမော်မြို့နယ် ဖန်ခါးကုန်း ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ဘာသာရေးဆရာမတစ်ဦးကပြောသည်။

ဧပြီ ၂၀ ရက်ခန့်ကလည်း ကေအိုင်အေ တပ်မဟာ(၂)ဒေသ ဖြစ်သည့် ကချင်ပြည်နယ် တနိုင်းဒေသနှင့် ဖားကန့်ဒေသတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်းက အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေးအဖွဲ့သည် တိုက်ပွဲဖြစ် ပွားခဲ့သည့် တနိုင်းဒေသသို့ သွား ရောက်ကွင်းဆင်းလေ့လာရန် ပြင် ဆင်ခဲ့သော်လည်း အစိုးရတပ်က အချိန်မပေးနိုင်ခဲ့၍ မသွားခဲ့ရ ကြောင်း ကေအိုင်အို ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ဆိုသည်။

အထက်ပါကိစ္စနှင့် ပတ် သက်၍ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် အသေးစိတ်မသိ ရှိရသေးဘဲ အထက်သို့ တင်ပြပြီး မှသာ ပြန်လည်ဖြေကြားမည်ဖြစ် ကြောင်း တပ်မတော်အရာရှိကြီး တစ်ဦးက ပြန်လည်ပြောကြားသည်။

7Day Daily

No comments:

Post a Comment