
"ကျွန်တော် သူ့ကို ၂၀၀၈ ခုနှစ်ကတည်းက စိတ်ဝင်စားနေတာပါ” ဟု သည်နိုင်ရိုဘီ သတင်းစာနှင့် အင်တာဗျူးတွင် ကီပရိုနိုက ဖြေကြားခဲံသည်။
ထိုအချိန်က သမ္မတ အိုဘားမားက ပထမဆုံးရာထူး တာဝန်ထမ်းနေချိန်ဖြစ်ပြီး မာလီယာမှာ ယင်းအချိန်တွင် အသက် ၁၀ နှစ်သမီးသာ ရှိသေးသည်။"တကယ့်ပါ။ ကျွန်တော် သူ့ကို စပြီး စိတ်ဝင်စားမိသွားတဲ့အချိန်က စလို့ ဘယ်မိန်းကလေးနဲ့မှလည်း တွဲမခုတ်ပါဘူး။ သူ့ကို ကျွန်တော်ဖက်က သစ္စာစောင့်သိနေတာပါ။ ကျွန်တော် မိသားစုကိုလည်း ဖွင့်ပြောလိုက်ပါတယ်။ သူ့တို့တွေကလည်း ကျွန်တော်ကို လက်ထပ်တောင်းရမ်းဖို့ မှာ ကူညီမယ်ဆိုပါတယ်” ဟု ကီပရိုနိုကပြောသည်။
ဇူလိုင်လအတွင်းတွင် အိုဘားမားက ၎င်း၏ ဖခင်မွေးဖွားရာ ကင်ညာနိုင်ငံသို့ ပထမဆုံး သမ္မတ ခရီးစဉ် လာရောက်သည့် အခါတွင် မာလီယာအား အိုဘားမားထံတွင် တောင်းရမ်းရန် ရည်စူးထားကြောင်း၊ အိုဘားမားအနေဖြင့်လည်း ၎င်း၏ သမီးနှင့် သူ့အား လက်ဆက်ပေးမည်ဟု မျှော်လင့်ထားကြောင်း ကီပရိုနိုကပြောခဲ့သည်။
REF : Yahoo
Mizzima
No comments:
Post a Comment