
သူမရဲ့နာမည်က ယူဗီပယ်လာရက်စ်လို့ခေါ်ပါတယ်။ ပလေးဘွိုင်းမော်ဒယ်တစ်ဦးဖြစ်သလို ဗင်နီဇွဲလားတီဗွီရဲ့ အစီအစဉ်ကြေညာသူ တစ်ဦးလည်းဖြစ်ပါတယ်။သူမဟာ စီရော်နယ်ဒိုရဲ့ ချစ်သူအသစ်နဲ့ ပတ်သက်ပြီး သတင်းကြေညာနေချိန်မှာ သူမရဲ့ အ၀တ်အစားတွေကို အကုန်လုံးချွတ်ပစ်ခဲ့တာပါ။ ရုပ်သံလိုင်းရဲ့ တာဝန်ရှိသူတွေက ပယ်လာရက်စ်ရဲ့ လူမြင်လို့မသင့်တော်တဲ့ နေရာတွေကို အမည်းကွက်တွေနဲ့ အုပ်ပြီး အစီအစဉ်ကို တင်ဆက်ခဲ့ရပါတယ်။
ဒီလိုအပြုအမူမျိုးပြုလုပ်ခဲ့လို့ ပယ်လာရက်စ်နဲ့ စီရော်နယ်ဒိုရဲ့ကြားမှာ ပတ်သက်ဆက်နွယ်မှု ရှိရမယ်လို့ ကောလာဟလသတင်းတွေ ထွက်လာခဲ့ပါတယ်။ သူမ တို့နှစ်ဦးကြားမှာ ပတ်သက်မှု ရှိ၊ မရှိ မသိရပေမယ့် လတ်တလောမှာ ပယ်လာရက်စ်ဟာ အရင်ကထက်ပိုပြီး နာမည်ကြီးသွားခဲ့တာတော့ သေချာပါတယ်။
Ref : metro
Mizzima
No comments:
Post a Comment