Thursday, May 14, 2015

အသက်(၂၀)ပြည့်မွေးနေ့မှာ ကုသိုလ်ဒါနပြုတဲ့ မေမြင့်မိုရ်


မော်ဒယ်သရုပ်ဆောင် မေမြင့်မိုရ်၏ အသက် (၂၀) ပြည့် မွေးနေ့ဖြစ်သည့် မေလ ၁၁ ရက် တွင် ရန်ကုန်ကလေးဆေးရုံနှင့် ခု တင် ၅၀၀ ဆံ့ဆေးရုံ၌ အလှူဒါန ကုသိုလ်ပြုလုပ်ခဲ့ကြောင်း ပြော ကြားသည်။

နှစ်စဉ်မွေးနေ့တိုင်း အလှူဒါ နပြုလုပ်လေ့ရှိပြီး ယခုနှစ်အလှူ အတွက် ဆေးရုံများကိုလှူဒါန်းရန် ဆန္ဒရှိခြင်းကြောင့် ရန်ကုန် က လေးဆေးရုံနှင့် ခုတင် ၅၀၀ဆံ့ ဆေးရုံတို့တွင် မွေးနေ့နံနက်၌ ကြက်သားဆန်ပြုတ်နှင့် ကြက်ဥများ လှူဒါန်းခဲ့သည်ဟု မေမြင့်မိုရ်ကပြောသည်။‘‘မနှစ်က မိဘမဲ့ကလေးတွေ ကို သွားလှူဖြစ်ခဲ့တယ်။ ဒီနှစ် တော့ ဆေးရုံတွေကို လှူဖို့ရွေးဖြစ် ခဲ့တယ်။ ဒီနှစ်မွေးနေ့အလှူကို အ ကြီးအကျယ်ကြီးလုပ်ဖြစ်တာမ ဟုတ်ပေမယ့် အခုလိုမျိုး ဒါနပြု ဖြစ်တာကို ပီတိဖြစ်မိပါတယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်ကလေးဆေးရုံနှင့် ခုတင် ၅၀၀ ဆံ့ဆေးရုံတို့တွင် သွားရောက်လှူဒါန်းရာ၌ မေမြင့် မိုရ်နှင့်အတူ သူငယ်ချင်းများဖြစ် သည့် မော်ဒယ်ခေးဆက်သွင်နှင့် သရုပ်ဆောင် ၀င့်ယမုံလှိုင်တို့ လည်း ပါဝင်ခဲ့သည်။

မေမြင့်မိုရ်သည် ရုပ်ရှင် အစည်းအရုံးနှင့် Forever Group တို့ အစီအစဉ်ဖြင့် ဖိလစ်ပိုင် နည်းပြများသင်ကြားသည့် စတန့်သင်တန်းကို တက်ရောက်နေပြီး သင်တန်းပြီးဆုံးပါက ချောင်းသာ ကမ်းခြေ၌ ဟိုတယ်ကြော်ငြာရိုက် ကူးကာ မေလ ၂၀ ရက်ခန့်တွင် ကားရိုက်ပြန်စမည်ဟု မေမြင့်မိုရ် ကပြောသည်။

7Day Daily

No comments:

Post a Comment