Monday, May 18, 2015

၂၀၁၅ ဘေလ်ဘုတ်တေးဂီတဆုပေးပွဲမှာ ဆုတွေသိမ်းကျုံးရယူခဲ့တဲ့ တေလာဆွစ်ဖ်


အမေရိကန်အဆို တော် တေလာဆွစ်ဖ်သည် မေလ ၁၇ ရက်တွင် ကျင်းပပြုလုပ်သော ၂၀၁၅ ဘေလ်ဘုတ်တေးဂီတဆု ပေးပွဲ၌ ဆုပေါင်းရှစ်ဆုရရှိပြီး ဆုပေးပွဲညကို ကြီးစိုးသော အဓိ ကဆုရှင်ဖြစ်ခဲ့သည်။ အသက် (၂၅)နှစ်အရွယ် တေလာဆွစ်ဖ် သည် ယခုနှစ် ဘေလ်ဘုတ်တေး ဂီတဆုဆန်ခါတင်စာရင်းတွင် ဆု ပေါင်း ၁၄ ဆုအတွက် အမည် စာရင်းတင်သွင်းခြင်းခံခဲ့ရသည်။တေလာဆွစ်ဖ်သည် ယင်း ဆန်ခါတင်ဆု ၁၄ ဆုအနက်မှ ထိပ်တန်းအနုပညာရှင်ဆု၊ ထိပ် တန်းအမျိုးသမီးအနုပညာရှင်ဆု၊ ဘေလ်ဘုတ်ထိပ်တန်း တေး အယ်လ်ဘမ် ၂၀၀ ဆုများအပါ အဝင် ဘေလ်ဘုတ်ဆုပေးပွဲက ချီးမြှင့်သော ဆုရှစ်ဆုဆွတ်ခူးရရှိ ခဲ့သည်။

တေလာဆွစ်ဖ်သည် ဘေလ် ဘုတ်ဆုပေးပွဲည၏ ဆုကြီးမဟာ ဖြစ်သော ထိပ်တန်းအနုပညာရှင် ဆုကို လက်ခံရယူစဉ် ‘‘ဒါဟာ တကယ့်ကို မင်္ဂလာညချမ်းလေး တစ်ခုပဲဖြစ်ပါတယ်’’ဟု ၎င်းက ပြောကြားသည်။

တေလာဆွစ်ဖ်သည် အောင်မြင်ကျော်ကြားလူကြိုက်များ သော အယ်လ်ဘမ်သစ် 1989 ဖြင့် ဘေလ်ဘုတ်ထိပ်တန်း တေးအယ်လ်ဘမ် ၂၀၀ ဆုကို လက်ခံရယူစဉ် ‘‘ပရိသတ်တွေ ရှင်တို့တွေက ပြောင်းလဲမှုကို လက်ခံကြိုဆိုတယ်။ အသစ်အသစ်တွေဖန်တီး တဲ့ ကျွန်မကိုလည်း လက်ခံယုံ ကြည်တယ်။ အဲဒီလိုအခြေအနေ မျိုးကို ကျွန်မဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး’’ဟု ၎င်းက ပြော သည်။အဆိုတော်တေလာဆွစ်ဖ် သည် မေလ ၁၇ ရက်ညတွင် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ် မြို့၌ပြုလုပ်သည့် ၂၀၁၅ ဘေလ် ဘုတ်တေးဂီတဆုပေးပွဲတွင် ၎င်း ၏ တေးဂီတဗီဒီယိုသစ် Bad Blood တေးဂီတဗီဒီယိုကိုပွဲဦးထွက်ပြသ ခဲ့သည်။ Bad Blood တေးဂီတဗီဒီယိုတွင် တေလာဆွစ်ဖ်၏ နာမည် ကျော်ကြားသော သူငယ်ချင်းများဖြစ်သည့် ဆယ်လီနာဂိုမက်ဇ်၊ ကာရာဒလဗင်းနယူး၊ ကာလိုင်း ကလော့စ်၊ ဂီဂီဟာဒစ်၊ စင်ဒီခရောဖို့ဒ်ကဲ့သို့သော ဟောလိဝုဒ်ကြယ် ပွင့်များစွာပါဝင်သည်။

၂၀၁၅ ဘေလ်ဘုတ်တေး ဂီတဗီဒီယိုဆုပေးပွဲတွင် ဆမ်စမစ်၊အစ်ဂီအဇယ်လီယာ၊ ဖာရဲလ်ဝီလီ ယမ်နှင့် One Direction အဖွဲ့တို့ လည်း ထူးချွန်ဆုများရရှိခဲ့သည်။

—Ref: Reuters
7Day Daily

No comments:

Post a Comment