
သမီးရည်းစားချိန်းတွေ့တာ အဆင်မပြေလို့ တစ်စုံတစ်ယောက်ဆီ စကားပြော အကြံဥာဏ်လေးတွေတောင်းမယ်လို့ ဆုံးဖြတ်လိုက်ရင် ပျော်ရွှင်နေတဲ့ သင့်မိတ်ဆွေ အိမ်ထောင်ပြုထားသူတွေကို မရွေးချယ်ဖို့ ပြောရမှာပါပဲ။ ဒါဟာ အကောင်းဆုံးတော့ မဟုတ်နိုင်ပါဘူး။လေ့လာမှုမှာ လူအယောက် ၁၂၁ ကို သူတို့ရဲ့ အကောင်း၊ အဆိုး သို့မဟုတ် ပုံမှန် အတွေ့အကြုံတွေ ပြန်ပြောင်း စဉ်းစားခိုင်းပြီး အဲဒါတွေကို အတိုချုပ် ရေးမှတ်ခဲ့ပါတယ်။ မေးမြန်းခံရသူတွေဟာ မတူညီကွဲပြားတဲ့ သူတို့ရဲ့ ပြင်းပြင်းပြပြ စိတ်ခံစားချက် အတွေ့အကြုံတွေအကြောင်း ဆွေးနွေးထားတာ ဖြစ်ပြီး အဲ့ဒီ လူတွေနဲ့ ပတ်သက်ပြီး ဗွီဒီယိုခွေ ၄ ခွေကြည့်ရှုခဲ့ကြပါတယ်။
အဲဒီဗွီဒီယိုတွေရဲ့ အကြောင်းအရာတွေကို ဘယ်လောက်ထိ အလေးအနက်ထားလဲ နောက်ပြီး ယေဘုယျ အနေနဲ့ သူတို့ကို ဘယ်လောက်ထိ သတိပြုလေ့လာမိပြီး ထပ်တူထပ်မျှ ခံစားမိလဲ လို့ မေးတဲ့အခါ စိတ်ပျော်ရွှင်မှု ရှိသူတွေက ခန့်မှန်းတာ လွန်ကဲနေကြတာ တွေ့ရပါတယ်။
ပြီးတော့ ပိုပြီး ပျော်ရွှင်မှုရှိတဲ့ အဖွဲ့က စိတ်သောကရောက်နေတဲ့ သူကို ကြည့်တဲ့အခါ စာနာမှု အနိမ့်ဆုံးရမှတ်တွေ ရရှိကြပါတယ်။ သဘောကတော့ သိပ်ပြီးတော့ စာနာမပေးနိုင်ဘူးလို့ ပြောချင်တာပါပဲ။
တကိုယ်ရေ တကာယသမား တစ်ယောက်ပြီး အခက်အခဲကြုံတဲ့အခါ အကြံဥာဏ်တောင်းဖို့အတွက် ပျော်ရွှင်နေကြတဲ့ မိတ်ဆွေ စုံတွဲတွေဆီ သွားတာက သဘာဝကျ ရုပ်တိတော့ရှိပေမယ့် သင်တကယ်သွားပြီး အကြံဥာဏ်တောင်းသင့်တာက သင့်လို အဆင်မပြေတဲ့ မိတ်ဆွေသူငယ်ချင်း တစ်ယောက်ယောက်ဆီက ပါပဲ။ ဒါက သင့်အတွက် ပိုကောင်းမွန်တဲ့ အဖြေ၊ အကြံဥယဏ်ကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။
Ref: yourtango
Trend Myanmar
No comments:
Post a Comment