Sunday, May 10, 2015
ပညာရေးသုတေသီ ဦးသန်းဦးအား ဟာဝိုင်အီတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူ ဘွဲ့အပ်နှင်း
ဝါရင့် ပညာရေးသုတေသီတဦးဖြစ်သည့် ဆရာကြီး ဦးသန်းဦးကို အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီ တက္ကသိုလ်မှ လူမှုအကျိုးပြုဂုဏ် ထူးဆောင် စာပေ ပါရဂူဘွဲ့(Honorary Doctorate of Humane Letters)ကိုချီးမြှင့်မည်ဟု သိရသည်။ အသက် ၈၈ နှစ်ရှိပြီဖြစ်သည့် ဆရာကြီး ဦးသန်းဦးသည် မြန်မာ့ပညာရေး သမိုင်းတွင် ထင်ရှားသူဖြစ်ပြီး၊ ၁၉၆၃ ခုနှစ်တွင် အမေရိကန်ကွန်ဂရက် မှ ဖွင့်လှစ်သည့် အရှေ့အနောက်ပေါင်း ဆုံရာ ဌာန (East- West Center)မှ ပေးသည့် စကော်လားရှစ်ရရှိကာ ဟာဝိုင်အီတက္ကသိုလ် သို့ တက်ရောက် ခွင့်ရရှိပြီး M.Edဘွဲ့ရရှိခဲ့ပြီးနောက် ဆရာအတတ်သင်သိပ္ပံကျောင်းအုပ်၊ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဥက္ကဋ္ဌ၊ အခြေ ခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီးဌာန အကြံ ပေး ပုဂ္ဂိုလ်၊ မြန်မာနိုင်ငံ ၀ိဇ္ဖာနှင့် သိပ္ပံ ပညာရှင် အဖွဲ့ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ဦးသန့် တည်ထောင်သည့် ပညာ့တန်ဆောင်အဖွဲ့ တွင်ဥက္ကဌ တာဝန်များအပြင် လက်ရှိလည်း“ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်းကို အစိုးရနှင့် ပူးတွဲ ဆောင်ရွက်နေသည့် ပညာရှင်တဦးဖြစ်သည်။
ဧရာဝတီ

No comments:
Post a Comment