‘‘ခေတ္တ လက်ခံထားခြင်းမှ အချိန်ကြာသွားတဲ့အခါ မူလက မရှိသည့် တိုင်းရင်းသားအယောင်ဆောင် လူအုပ်စု တစ်စုနှင့် ပူးပေါင်းသွားကြမည်ကို စိုးရိမ်နေကြတယ်။ ထိုတိုင်းရင်းသား အယောင်ဆောင်ပြဿနာကလည်း နိုင်ငံတကာ ပြဿနာအဖြစ် ဖန်တီးနေမှုကို ကျွန်တော်တို့ ခံစားနေကြပါတယ်’’ဟု အဆိုတင်သွင်းသူ ဦးလှဆွေက ပြောသည်။
ထို့ကြောင့် လှေစီး ရွှေ့ ပြောင်းသူများအား လက်ခံမည့် အချိန်ကာလကို တိတိကျကျ သတ်မှတ်သင့်ကြောင်း၊ မြန်မာ့ရေ ပိုင်နက်တွင် ပဏာမစစ်ဆေးပြီး တစ်ဖက်နိုင်ငံရေပိုင်နက်နှင့် နိုင် ငံတကာ ရေပိုင်နက်သို့ စားနပ်ရိက္ခာထောက်ပံ့ဖြည့်ဆည်းပေး လိုက်ပြီး စောင့်ကြည့်ပို့ဆောင်ပေးသင့်ကြောင်း၊ အမေရိကန်၊ အိန္ဒိယနိုင်ငံတို့တွင် ကျင့်သုံးသကဲ့ သို့ ခိုးဝင်လာသူများအား စစ်ဆေး မေးမြန်းခြင်းမရှိ ပစ်ခတ်ရှင်းလင်း သည့် နည်းလမ်းကိုသုံးပြီး ပြတ် ပြတ်သားသား ဆောင်ရွက်သင့်ကြောင်း ဦးလှဆွေက အဆိုတင်သွင်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။ ‘‘ဒီတင်လိုက်တဲ့ အဆိုမှာ ပစ်ခတ်ပြီး ရှင်းလင်းပစ်ရမယ်ဆို တဲ့ ကိစ္စရပ်တွေ၊ ပင်လယ်ပြင်ထဲ ကို စားနပ်ရိက္ခာနဲ့ သွားလွှတ်လိုက်ဆိုတဲ့ ဟာတွေ တင်ပြချက်တွေ အပေါ်မှာ တင်လာတဲ့ အဆိုလိုမျိုး ဖြစ်လာတဲ့အခါ တကယ့်လွှတ် တော်ရဲ့ အနေအထားမျိုးနဲ့လည်း မကိုက်ညီဘူး။ ဖြစ်သင့်တဲ့ လမ်း ကြောင်းကို အပြုသဘောဆောင် တာလည်း မဖြစ်ဘူး’’ဟု ဒီချုပ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်က ကန့်ကွက်ရသည့် အကြောင်းရင်း ကို ရှင်းပြသည်။
အဆိုပါကိစ္စကို အစိုးရအနေ ဖြင့် တုံ့ဆိုင်းမနေဘဲ အမြန်ဆုံး ဖြေရှင်းသင့်ကြောင်း၊ ယင်းလှေစီးရွှေ့ပြောင်းသူများသည် မည် သည့်နိုင်ငံမှ ဖြစ်ကြောင်းကို စိစစ်ရန် လိုအပ်ကြောင်း၊ ယင်းသို့ ဖြေ ရှင်းရာတွင်လည်း တရားဥပဒေစိုး မိုးရေး၊ လူသားချင်းစာနာရေး၊ ဒီမို ကရေစီဆန်ရေးနည်းလမ်းများ ဖြင့် ဆောင်ရွက်သင့်ကြောင်း ဦး အောင်ကြည်ညွန့်က ဆိုသည်။ အဆိုပါ လှေစီးရွှေ့ပြောင်းသူများ အား ပြည်တွင်းမှ လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းအချို့၊ နိုင်ငံရပ်ခြားက လူပုဂ္ဂိုလ်အဖွဲ့အစည်းတချို့က ဒုက္ခသည်ဟု သုံးနှုန်းခြင်းသည် လှေစီးဝင်ရောက်လာသူ အရေ အတွက် ပိုမိုတိုးပွားစေကြောင်း ကို အားပေးရာရောက်သည့် အ ချက်ဖြစ်သည်ဟု ဦးလှဆွေက ဆိုသည်။ မြန်မာ့ပင်လယ်ပြင်ပိုင် နက်အတွင်း လှေစီးဒုက္ခသည် ကိုး ရာကျော်ကို ဖမ်းဆီးနိုင်ခဲ့ကာ ၎င်း တို့အား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်ပို့ပေးရန် မြန်မာအစိုးရက စိ စစ်မှုများပြုလုပ်နေသည်။ ယင်း အဆိုကို ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမျိုးသားလွှတ်တော်ရုံးသို့ ဇွန် ၂ ရက် ညနေအမီ နာမည်တင်သွင်းရမည် ဖြစ်သည်။
7Day Daily
No comments:
Post a Comment