သေဆုံးသွားသည့် အမျိုး သားမှာ အသက်(၄၅)နှစ်ခန့်ရှိပြီး ဝဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ် ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာ ၌ သေဆုံးခဲ့ပြီး လူသတ်တရားခံ မှာ ထွက်ပြေးလွတ်မြောက်နေ ကြောင်း တောင်ဒဂုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ပြောသည်။ ‘‘သူတို့တွေက တစ်လမ်း တည်းမှာ နေကြတာ။ အိမ်ကလည်းဘေးချင်းကပ်။ ဖြစ်တာက တော့ သီချင်းဖွင့်တဲ့ကိစ္စနဲ့ စကားများတာက စဖြစ်တယ်လို့ သိရတယ်။ သတ်တဲ့သူက လမ်းထိပ်ကို အရင်ထွက်တယ်။ အသတ်ခံရတဲ့သူက ဆိုင်ကယ်နဲ့ နောက်က ထွက်တယ်။ လမ်းထိပ်မှာဆုံတော့ စကားများပြီး လူသတ်မှုဖြစ်တာ ပါ’’ဟု အဆိုပါ ရဲအရာရှိက ပြော သည်။
သေဆုံးသူနှင့် လူသတ်တ ရားခံမှာ တောင်ဒဂုံမြို့နယ်(၁၀၅) ရပ်ကွက် ကံ့ကော်မြိုင်လမ်းတွင် နေထိုင်ကြသူများဖြစ်ပြီး လူသတ် ထွက်ပြေးသူမှာ အသက်(၃၀)ခန့် ရှိကာ ဇွန်လ ၂၁ ရက် ညနေ ၅ နာရီကျော်၌ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
တောင်ဒဂုံ မြို့နယ်တွင် ၂၀၁၅ အတွင်း လူသတ်မှု သုံးမှု ဖြစ်ပွားခဲ့ပြီး တရားခံများဖမ်းဆီး ရမိခဲ့ကာ ယခုဖြစ်ပွားခဲ့သည့်အမှု ကိုလည်း တောင်ဒဂုံမြို့မရဲစခန်းမှ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ထား ပြီး တရားခံဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း အမှုလိုက်ရဲ အရာရှိက ပြောသည်။
‘‘အမှန်ကတော့ ဒေါသ ကြောင့် လူသတ်မှုဖြစ်သွားတာ ပါ။ ထိုးတာတော့ တစ်ချက်တည်းဆိုပေမယ့် ဓားဒဏ်ရာက ကြီးတယ်။ အသက်ကလည်း ကွာတယ်ဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် စကားများပြီး လက် လွန်သွားတဲ့အမှုလို့ ပြောရမယ်’’ ဟု အဆိုပါ ရဲအရာရှိက ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ငါးလအတွင်း လူသတ်မှု ၇၁ မှု၊ လုယက်မှု ၁၆ မှုနှင့် မုဒိမ်းမှု ၆၁ မှုဖြစ်ပွားခဲ့ပြီး လူသတ်မှုမှာ ၂၀၁၄ အတွင်း ယင်းကာလဖြစ်ပွားမှု ထက် လျော့နည်းခဲ့ကြောင်း ရန် ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။
7Day Daily
No comments:
Post a Comment