Tuesday, June 16, 2015

အအိပ်အနေနည်းခြင်းက ဆေးလိပ်သောက်ခြင်းထက် ကျန်းမာရေးထိခိုက်စေ


အအိပ်အနေနည်းခြင်းက သင့်ကျန်းမာရေးကို ဆေးလိပ်သောက်တာထက် ပိုထိခိုက်စေပါတယ်။ လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်မှု ဖြစ်ခြင်းတို့ကိုလည်း ဖြစ်နိုင်ခြေပိုများလာကြောင်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးပြောကြားထားပါတယ်။တစ်ညတာအတွင်း ၇နာရီအောက်နည်းပြီး အအိပ်ပျက်တဲ့အကျင့်ရှိသူတွေဟာ ကောင်းကောင်းအိပ်တဲ့သူတွေထက် လေဖြတ်နိုင်နှုန်း လေးဆပိုများပါတယ်။ အိပ်ရာထဲမှာ လူးလှိမ့်နေပြီး အိပ်မပျော်သူတွေဟာလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သူတွေထက် နှလုံးတိုက်ခိုက်မှုအန္တရာယ် နှစ်ဆပိုများပါတယ်။

ယခုလေ့လာမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကပြုလုပ်ခဲ့တာဖြစ်ပြီး အအိပ်ပျက်တာဟာ လေ့ကျင့်ခန်းမပြုလုပ်ခြင်း(သို့) ဆေးလိပ်မသောက်ခြင်းတို့ကဲ့သို့ လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်မှုဖြစ်ခြင်း တို့ကို ဖြစ်စေကြောင်း တင်ပြထားပါတယ်။ “အိပ်စက်ခြင်းဟာ အသေးအဖွဲ့ကိစ္စတစ်ရပ် မဟုတ်ပါဘူး။ အအိပ်ပျက်ခြင်းဟာ လေဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်မှုဖြစ်ခြင်း စတဲ့အဖြစ်အပျက်တွေနဲ့ တကယ့်ကို ဆက်စပ်နေပါတယ်။ အအိပ်အနေနည်းတဲ့သူတွေအနေနဲ့ အစားအသောက်နည်းတာ၊ လေ့ကျင့်ခန်းမလုပ်တာ၊ ဆေးလိပ်သောက်တာ တွေနဲ့ပတ်သက်တဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါအန္တရာယ်ကို စဉ်းစားသင့်ပါတယ်။ ပြီးတော့ ဆရာဝန်ကိုလည်း ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး ကောင်းကောင်း ပြောပြသင့်ပါတယ်။” လို့ ပါမောက္ခ Valery Gafarov ကပြောထားပါတယ်။

နှလုံးတိုက်ခိုက် ခံရသူများရဲ့ သုံးပုံနှစ်ပုံ (၆၃ ရာခိုင်နှုန်း) ဟာ အအိပ်ပျက်သူများဖြစ်ကြောင်းကို တွေ့ရှိရပါတယ်။

Ref:Daily Mail
Trend Myanmar

No comments:

Post a Comment