Wednesday, June 24, 2015

မင်းသမီးတွေကို လူရွှင်တော်ပညာသင်ပေးနေတဲ့ ဒိန်းဒေါင်


ဇူလိုင် ၃ ရက်တွင် ကျ ရောက်မည့် အမျိုးသမီးနေ့အ ထိမ်းအမှတ်အဖြစ် မင်းသမီး ခြောက်ဦး လူရွှင်တော်အဖြစ်ပါ ၀င်ကပြမည့် ‘အကယ်ဒမီရွှေပန်း ချီ’ အငြိမ့်သည် ပရိသတ်များ ကြိုက်မည့်အစီအစဉ်ဖြစ်မည်ဟု ထင်မြင်မိကြောင်း ယင်းအငြိမ့်အစီအစဉ်အတွက် မင်းသမီးများအား လူရွှင်တော်ပညာရပ်များ သင်ကြားပေးနေသည့် ဒိန်းဒေါင်က ပြောသည်။ ‘‘အမျိုးသမီးရေးရာက အကူ အညီတောင်းလို့လုပ်ပေးဖြစ်တာ ပါ။ မင်းသမီးတွေကို ပြက်လုံး လေးတွေ သင်ပေးတယ်။ ဂိုက် လုပ်ပေးတာပေါ့။ တစ်ခုပြီးတစ်ခု ရက်ရှည်တော့ တိုက်ပေးရတယ်။ ဒါပေမဲ့လည်း အနုပညာနဲ့ မစိမ်း ကြတဲ့သူတွေဆိုတော့ လွယ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

ယင်းအငြိမ့်အစီအစဉ်တွင် ပါဝင်မည့် ပြက်လုံးများကို ကိုယ် တိုင်ထုတ်ထားပြီး ပွဲမကမီ ကြို တင်မပြောနိုင်သော်လည်း ပရိ သတ်များ၏ ရင်ထဲမှဆန္ဒများကို ထင်ဟပ်အောင် ပြက်လုံးထုတ် ထားကြောင်း ဒိန်းဒေါင်က ဆက် လက်ပြောကြားသည်။

ကားရိုက်များနှင့် အချိန်မ ပေးနိုင်သောကြောင့် ယခုအငြိမ့် တွင် ပါဝင်သရုပ်ဆောင်ရန် အကူအညီတောင်းသော်လည်း ပါဝင်ဖြစ်မည်မဟုတ်ကြောင်း ဒိန်းဒေါင် က ပြောသည်။

ယင်းအငြိမ့်အစီအစဉ်ကို ဇွန်လ၂၇ နှင့် ၂၈ ရက်တို့တွင်အမျိုး သားကဇာတ်ရုံ၌ ကပြမည့်အမျိုး သမီးများနေ့အထိမ်းအမှတ် ဖျော် ဖြေပွဲတွင်တင်ဆက်ပေးမည်ဖြစ် ပြီး လူရွှင်တော်များအဖြစ် ခင်ဇာ ခြည်ကျော်၊ စိုးမြတ်သူဇာ၊ မြတ် ကေသီအောင်၊ စိုးမိုးကြည်၊ ခိုင် သင်းကြည်နှင့် ဆုပန်ထွာတို့ပါ ၀င်ကြမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment