
ဂျပန်နိုင်ငံ တိုကျိုမြို့က အဖြစ်အပျက်တစ်ခုပါ။ ထိမ်းမြားလက်ထပ်ထားသူ တစ်ဦးမှ အခကြေးငွေပေးလိင်ဆက်ဆံခဲ့လျှင် ၄င်းသည် အိမ်ထောင်ရေးဖောက်ပြန်ရာ မမြောက်ပါ။ ၄င်းသည် စီးပွားရေးတစ်ခုသာဖြစ်တယ်ဟု United Press International အစီရင်ခံ ထုတ်ပြန်ချက်အရ ဂျပန်တရားရုံးမှ ဆုံးဖြတ်ခဲ့ပါတယ်။၂၀၁၄ ခုနှစ် တရားဥပဒေအငြင်းပွားမှုမှာ ကုမ္ပဏီသူဌေး ၊သူ့မယား နှင့် စားသောက်ဆိုင်ဧည့်ကြို အမျိုးသမီးတို့ပါဝင်တယ်လို့ ဂျပန်တိုင်းမ်သတင်းစာမှာ ထုတ်ဖော်ထားတဲ့ သတင်းရယူရေးဌာန တစ်ခုအရ သိရပါတယ်။ သူမရဲ့ခင်ပွန်းဟာ စားသောက်ဆိုင်ဧည့်ကြိုအမျိုးသမီးနှင့် ၇ နှစ်နီးပါး အတူအိပ်စက်ခဲ့တယ်လို့ တရားလိုမှ အခိုင်အမာပြောဆိုထားပါတယ်။ သူမခံစားခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ပူပင်သောကအတွက် လျှော်ကြေးငွေ ၃၂၀၀၀ ဒေါ်လာ ပေးချေရမည်ဟု တရားလိုအမျိုးသမီးက တောင်းဆိုထားပါတယ်။
ဂျပန် ခရိုင်တရားရုံး တရားသူကြီး Masamitsu Shiseki မှ သူမရဲ့တောင်းဆိုမှုကို ပယ်ချခဲ့ပြီး တရားလိုရဲ့ခင်ပွန်းနှင့် စားသောက်ဆိုင်ဧည့်ကြိုအမျိုးသမီးတို့ရဲ့ လိင်ဆက်ဆံမှုဟာ စီးပွားရေးလုပ်ရပ်တစ်ခုဖြစ်တယ်ဟု ဆုံးဖြတ်ပေးခဲ့ပါတယ်။ တရားခံအမျိုးသမီးဟာ သူမရဲ့ဆိုင်ရှင်နှင့် ပြည်တန်ဆာလုပ်ငန်းလို လိင်ဆက်ဆံမှု ရှိခဲ့ပါတယ်။ အဲဒီလို လုပ်ဆောင်မှုဟာ ငြိမ်းချမ်းသောအိမ်ထောင်ရေးဘ၀ကို မဖျက်စီးစေပါဘူးဟု တရားသူကြီးမှ ပြောကြားစခဲ့ပါတယ်။ အဲဒီတရားစီရင်ချက်ကို ဂျပန်တရားရေးရာကျွမ်းကျင်သူများ ခေါင်းစားနေရပါတယ်။ ထိမ်းမြှားခြင်းနှင့် ကွာရှင်းပြတ်စဲခြင်းဆိုင်ရာ တရားရေးရာကျွမ်းကျင်သူတစ်ယောက် Hayato Tamura လည်း ပါဝင်ပါတယ်။
UPI အရ ချိုးဖောက်တဲ့အိမ်ထောင်ရှင် သို့မဟုတ် သူရဲ့အိမ်ထောင်ရေးအပြင်မှလိင်ဆက်ဆံသူတို့ နှစ်ယောက်လုံး ဆုံးရှုံးမှုများအတွက် တာဝန်ရှိတယ်လို့ အရင်ကတရားဆုံးဖြတ်ချက်များက ပြသခဲ့တယ်လို့ Tamura မှပြောကြားခဲ့ပါတယ်။UPI အရ ဆုံးဖြတ်မှုကို အမျိုးသမီး သဘောမတူခဲ့ပါ။ သူမရဲ့ရှေ့နေကလည်း ဒီလိုဆုံးဖြတ်ချက်တွေက အိမ်ထောင်ရေးဖောက်ပြန်မှု ကာကွယ်ရေးတရားကို အားနည်းသွားမှာကို စိုးရိမ်ကြောင်း ဂျပန်တိုင်းမ်သတင်းစာတိုက်ကို ပြောခဲ့ပါတယ်။ ပြီးတော့ ဒီလိုမျိုးပြဿနာကို စံနှုန်းစံထားအသစ်တစ်ရပ်အနေနဲ့ မချမှတ်သင့်ဘူးဟု ၄င်းကပြောပါတယ်။စားသောက်ဆိုင် ဧည့်ကြိုအမျိုးသမီးကတော့ တရားလိုအမျိုးသမီး ခင်ပွန်းနှင့် လိင်မဆက်ဆံခဲ့ပါဘူးလို့ ဆက်လက်ပြောကြားနေဆဲပါ။
Ref:cbsnews
Trend Myanmar
No comments:
Post a Comment