ထို့အပြင် ဆန္ဒပြရာတွင် ဟောပြောခဲ့သည့် ကျောင်းသား ခေါင်းဆောင်ကိုဇေယျာလွင်၊ ကို ပိုင်ရဲသူနှင့် ကိုနန်းလင်းတို့ကို နိုင် ငံတော်အကြည်ညိုပျက်စေမှုပုဒ် မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုရန် တ ရားရုံးသို့ ဦးတိုက်လျှောက်ထား၍ ဇူလိုင် ၂ရက်တွင် ထပ်မံတရားစွဲ ဆိုလိုက်ပြီး ယင်းတရားရုံးနှစ်ခုက ဖမ်းဝရမ်းထုတ်ထားကြောင်း ရန် ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
‘‘သူတို့ သုံးယောက်ကို ၂ ရက်နေ့ကတည်းက ဖမ်းဝရမ်း ထုတ်ထားတာပါ။ ဖမ်းဝရမ်းက ရဲ အရေးပိုင်တာမဟုတ်ပါဘူး။တ ရားရုံးကနေ ထုတ်ပေးထားတာ ပါ။ ကျန်တဲ့ ကျောင်းသားနှစ် ယောက်ကို ဖမ်းဆီးဖို့ လိုက်လံစုံ စမ်းနေပါတယ်’’ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆန္ဒပြရာတွင် ဟောပြောမှု များပြုလုပ်သည့် ကျောင်းသား ခေါင်းဆောင်ကိုဇေယျာလွင်၊ ကို ပိုင်ရဲသူနှင့် ကိုနန်းလင်းတို့ သုံးဦး အနက် ကိုပိုင်ရဲသူကို ရန်ကုန် တိုင်းရဲတပ်ဖွဲ့က ဇူလိုင် ၂ရက် တွင် ဖမ်းဆီးပြီး အင်းစိန်ထောင် သို့ ပို့ဆောင်ထားသည်။
‘‘ပိုင်ရဲသူက အင်းစိန်ထောင် မှာ ရောက်နေတာဟုတ်ပါတယ်။ ကျွန်တော်တို့ ကျောင်းသားအဖွဲ့ ၀င်တွေ ဒီနေ့ပဲ ထောင်ဝင်စာသွား တွေ့ပါတယ်။ လူချင်းတော့တွေ့ ခွင့်မရပါဘူး။ ပစ္စည်းတော့ပေးခွင့် ရပါတယ်။ ကျွန်တော်တို့ကတော့ အခြေခံဥပဒေအတွက် ဆက် လက်တိုက်ပွဲဝင်သွားဦးမှာပါ’’ဟု တကသကျောင်းသားကိုရဲဇာနည်ထွန်းကပြောသည်။
တကသကျောင်းသားများ သည် ဆန္ဒပြပွဲကို ဇွန်လ ၃၀ရက် က ပန်းဘဲတန်းမြို့နယ် သိမ်ကြီး ဈေးရှေ့တွင် စတင်ခဲ့ပြီး မြို့တော် ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒပြ ခဲ့ကြခြင်းဖြစ်သည်။
ကျောင်းသားများ၏ လမ်း လျှောက်ဆန္ဒပြမှုကို ရဲတပ်ဖွဲ့က သုံးကြိမ်တိုင်ပိတ်ပင်တားဆီးမှု များပြုလုပ်ခဲ့သော်လည်း ဆန္ဒပြ ကျောင်းသားများက အတင်းတိုး ထွက်ပြီး ၎င်းတို့ စီစဉ်ထားသည့် အတိုင်း မြို့တော်ခန်းမရှေ့သို့ အ ရောက်သွား၍ ဟောပြောမှုများပြု လုပ်ခဲ့ကြသည်။ ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင် ရာဥပဒေပုဒ်မ ၁၈ကို ကျူးလွန် ကြောင်း ထင်ရှားပါက ငွေဒဏ် (သို့မဟုတ်)ထောင်ဒဏ်ခြောက် လအထိ ချမှတ်နိုင်သည်ဟု ပြ ဋ္ဌာန်းထားသည်။ ပုဒ်မ ၅၀၅(ခ) သည်ထောင်ဒဏ် ၂နှစ်အထိ ချ မှတ်နိုင်ပြီး အာမခံလျှောက်ထား ခွင့်မရရှိပေ။
7Day Daily
No comments:
Post a Comment