
လတ်တလောပြုလုပ်ခဲ့တဲ့ လေ့လာမှုစစ်တမ်းမှာ အမျိုးသမီးတွေဟာ သူတို့ ဘ၀သက်တမ်းရဲ့ ရက်ပေါင်း ၇၂၂ ရက်ကို ကျန်းမာရေးနဲ့ အလှအပအတွက် ကုန်ဆုံးပစ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ပျှမ်းမျှ ဗြိတိသျှအမျိုးသမီးတစ်ယောက်ဟာ ကျန်းမာရေးနဲ့ အလှအပပစ္စည်းတွေအတွက် ဘ၀တစ်လျှောက်လုံး စုစုပေါင်း ၁၂၆၄၅ စတာလင်ပေါင် သုံးစွဲနေကြပါတယ်။ အမျိုးသမီး အယောက် ၁၀၀၀ ကို ကောက်ယူခဲ့တဲ့စစ်တမ်းအရ အမျိုးသမီး ဆယ်ယောက်မှာ တစ်ယောက်ဟာ ဖြီးလိမ်းပြင်ဆင်ဖို့ အတွက် တစ်နေ့ ကို နှစ်နာရီလောက် အချိန်ကုန်ကြပြီး ရုံးတက်ရက်တွေမှာ အမျိုးသမီး ၃၉ ရာခိုင်နှုန်းဟာ မှန်တကြည့်ကြည့်၊အလှပြင်နေတာနဲ့  မိနစ်လေးဆယ် ကုန်ဆုံးကြတယ်လို့ ဆိုပါတယ်။ဒီပမာဏဟာ ရုံးပိတ်ရက်ဆို ၄၀ ရာခိုင်နှုန်း ပိုမိုမြင့်တက်သွားပြီး ပိုလျှံနေတဲ့အချိန်တွေမှာ သူတို့ ရဲ့ရုပ်ရည်သွင်ပြင် လှပနေဖို့ အတွက် တသသ ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။ မိမိကိုယ်ကို မိမိယုံကြည်မှု ပိုမို ရှိအောင်လို့ ပြင်ဆင်မှုက ၅၆ ရာခိုင်နှုန်းရှိပြီး သူတို့ ရဲ့ လက်တွဲဖော်နဲ့ တခြား အမျိုးသမီးတွေ အထင်ကြီးသဘောကျအောင်လို့ ပြင်ဆင်တာက ၄၄ ရာခိုင်နှုန်းရှိပါတယ်။
အမျိုးသမီး ၁၉ ယောက်မှာ တစ်ယောက်ဟာ ဆိုရှယ်မီဒီယာတွေမှာ ပုံတင်တဲ့အခါ ကြည့်ကောင်းနေစေဖို့ အတွက် သူတို့ ရဲ့အချိန်တွေကို အလှပြင်ရင်း ကုန်ဆုံးကြတာ ဖြစ်တယ်လို့ ဝန်ခံခဲ့ ကြပါတယ်။
Ref: Dailymail
Trend Myanmar
No comments:
Post a Comment