Sunday, August 16, 2015

ကြည့်ရှုသူ တစ်သိန်းကျော်သွားတဲ့ မေလသံစဉ်ရဲ့'Save Myanmar' သီချင်း


‘မြန်မာ့သူရဲကောင်း’ သီချင်းဖြင့် ပရိသတ်သတိပြုမိခဲ့ သည့် မေလသံစဉ်က ရေဘေး သင့်ပြည်သူများကိုကူညီထောက် ပံ့နိုင်ရန်ရည်ရွယ်၍ ၎င်းကိုယ်တိုင် ရေးစပ်သီဆိုတီးခတ်ထားသော သီချင်းတစ်ပုဒ်ကို လူမှုကွန်ရက် စာမျက်နှာဖေ့စ်ဘွတ်ခ်မှ ဖြန့်ဝေ ပေးခဲ့ရာ ရက်ပိုင်းအတွင်း ကြည့် ရှုသူ တစ်သိန်းကျော်ရှိနေကြောင်း သတင်းရရှိသည်။

အဆိုပါသီချင်းကို မြန်မာ နိုင်ငံဒေသအနှံ့အပြားတွင် ကြုံ တွေ့နေရသောရေဘေးသင့် ပြည်သူများအတွက် အကူအညီ ရရှိနိုင်ရန်ရည်ရွယ်၍ မေလသံစဉ် ကိုယ်တိုင် ရေးခဲ့ခြင်းဖြစ်သည်ဟု မေလသံစဉ်၏ဖခင် ဦးဝင့်ကိုဖုန်း ကပြောသည်။

‘‘နိုင်ငံတကာကိုအကူအညီ တောင်းတဲ့သဘောမျိုးမဟုတ်ပေ မယ့် မြန်မာအချင်းချင်းကူညီကြ ပါ၊ ရိုင်းပင်းကြပါဆိုတဲ့သဘောနဲ့ ‘နင်ဟာမြန်မာ ငါဟာမြန်မာ Save Myanmar’ဆိုတဲ့ Chrous လေးကိုစတည်လိုက်တာ’’ဟု သီချင်းရေးဖြစ်ခဲ့သည့်အကြောင်း ကို ဦးဝင့်ကိုဖုန်းကပြောသည်။

ယင်းသီချင်းကို သြဂုတ် ၁၀ ရက်ညက ဖေ့စ်ဘွတ်ခ်သို့တင်ခဲ့ ခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်အထိ ဝင်ရောက်ကြည့်ရှုသူတစ်သိန်းသုံးထောင်ကျော်ရှိနေပြီ ဖြစ်သည်။

‘‘ခြောက်တန်းနှစ်မှာ စနေ၊ တနင်္ဂနွေတိုင်း အိမ်မှာဆရာမခေါ်ပြီး ကီးဘုတ်တီးသင်ပေးတယ်။ ကျန်တာကတော့ ကျွန်တော် ဂစ် တာတီးရင် ဘေးကနေသီချင်းဆို တယ်။ ကီးတွေဘာတွေကတော့ သုံးတန်းလောက်ကတည်းက နား ယဉ်နေတာ’’ဟု သမီးဖြစ်သူ၏ အကြောင်းကို ကိုဝင့်ကိုဖုန်းက ပြောသည်။

ကျောင်းစာတစ်ဖက်ရှိနေ သောကြောင့် အဆိုပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းမရှိ သော်လည်း လွန်ခဲ့သည့်သုံးနှစ်ခန့် က ဆိုတေးနှင့်အေသင်ချိုဆွေတို့ ၏ သီချင်းခွေများတွင် သရုပ် ဆောင်ဖူးသည်ဟု မေလသံစဉ်၏ ဖခင်ကပြောသည်။

မေလသံစဉ်သည် အသက် (၁၂)နှစ်အရွယ်ရှိပြီး DHS ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သတ္တမတန်းတက်ရောက်လျက်ရှိ ကြောင်းသတင်းရရှိသည်။

မေလသံစဉ်သည် ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ကီး ဘုတ်ကိုကိုယ်တိုင်တီးခတ်ကာ သီချင်းသီဆိုထားသည့် ဗီဒီယိုဖိုင် များတင်ပေးလေ့ရှိပြီး ဇူလိုင် ၁၉ ရက်အမှတ်တရ သီဆိုထားသော ‘မြန်မာ့သူရဲကောင်း’သီချင်းမှာ ကြည့်ရှုသူခြောက်သိန်းကျော်ရှိခဲ့ သည်။

https://www.youtube.com/watch?v=d_SIHPTzSCQ

 7Day Daily

No comments:

Post a Comment