‘‘နမူနာကိုတော့ ဓာတုဗေဒ ရုံးကို ပို့ထားတယ်။ ခေါက်ဆွဲက လည်း သက်တမ်းလွန်နေတယ်လို့ ပြောတယ်။ ဓာတ်ခွဲစစ်ဆေးပြီးမှ ပဲ အဖြေသိရမှာ။ အခုထိတော့ ဆေးရုံသွားတဲ့လူတွေ မရှိတော့ ဘူး’’ဟု အုပ်ချုပ်ရေးမှူး ဦးမြင့် သိန်းက စက်တင်ဘာ ၂၅ ရက် ည ၇ နာရီခွဲက ဖြေကြားသည်။
ခေါက်ဆွဲကြော်စားမိရာမှ အစာအဆိပ်သင့်ခဲ့၍ ရန်ကင်းကလေးဆေးရုံသို့ ၁၀ ဦး၊ အင်းစိန်ကလေးဆေးရုံသို့ ခြောက်ဦး၊ မှော်ဘီဆေးရုံသို့ ၂၇ ဦးနှင့် ၀ါးနက်ချောင်း တိုက်နယ်ဆေးရုံတို့တွင် အသီးသီး ဆေးကုသမှုခံယူနေရ ကြောင်း စုံစမ်းသိရသည်။ အဆိုပါခေါက်ဆွဲကို မွေးနေ့ပွဲမတိုင်မီရက် က ပြုတ်ထားပြီး နောက်နေ့နံနက် ၂ နာရီတွင် ကြော်၍ဝေငှခဲ့ခြင်း ဖြစ်ကာ နံနက် ၈ နာရီခန့်မှစတင်၍ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်အနီးတွင် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
‘‘ညနေ ၃ နာရီလောက်မှာ အယောက် ၂၀ ကျော် ရောက်လာ တယ်။ ပြန်ပြီးဆင်းသွားတာတွေ လည်း ရှိတယ်။ ခေါက်ဆွဲက မှို ကြောင့် ဖြစ်တယ်လို့လည်း ယူဆ ရတယ်’’ဟု မှော်ဘီဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၃ ရက်က ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းကြီးကျောင်းမှ ဝေငှသည့် ခေါက်ဆွဲစားမိရာမှ လူ ၃၂ ဦး အော့အန်၊ ၀မ်းလျှောခြင်းများဖြစ်ပွား၍ လူခြောက်ဦး ဆေးရုံတက်ကာ ဆေးကုသမှုခံယူခဲ့ရသည်။
7Day Daily
No comments:
Post a Comment