
ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက် လာပြီဖြစ်တဲ့ သရုပ်ဆောင် ရွှေသမီးက ပရိသတ်ရဲ့ ဝေဖန်သံလေးတွေ နားထောင်ချင် တယ်လို့ ပြောသွားပါတယ်။
““ညီမတို့ အနုပညာရှင်ဆိုတာ ပရိသတ်ရဲ့ အချစ်နဲ့ အလေးထားမှုတွေ လိုအပ်တယ်။ ဒါကြောင့် ပရိသတ်ကြီး စိတ်ပျတ်သွားမှာ ကိုအရမ်းကြောက်တယ်။ အခုဆို ညီမလည်း ဗီဒီယိုဇာတ်ကားတွေ ရိုက်လာရပြီဆိုတော့ ပရိသတ်ရဲ့အမြင်တွေကို ညီမကြားချင်တယ်။ ပရိသတ်ရဲ့အမြင်တွေရမှလည်း ညီမဘက်က ဘာတွေ လိုအပ်တယ်၊ ဘာတွေပြင်ဆင်ရမယ် ဆိုတာ ပြင်ဆင်ဖို့ ကြိုးစားလို့ ရမှာပါ။ ဒါကြောင့် ပရိသတ်ရဲ့ အမြင်ကြားချင်တယ်။ ဝေဖန်မှုလို့ ပြောရင် ပိုမှန်တယ်။ ဒါကြောင့် ဝေဖန်မှုလေးတွေကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြားချင်ပါတယ်””လို့ဖွင့်ဟ သွားပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင် ခန့်စည်သူနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ “သေနတ်တစ်လက်၊ သနားခါးတစ်စက်၊ ဓားတစ်လက်နဲ့ ကျွန်တော်”ဆိုတဲ့ ဟာသကားလေး နောက်ဆုံးထွက်ရှိထားပြီး ပရိသတ်အကြိုက် video တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
Messenger News Journal
No comments:
Post a Comment