Wednesday, September 23, 2015
အသက်ကြီးလာလို့လားမသိဘူး စိတ်တွေအရမ်းတည်ငြိမ်နေပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားနေပါတယ်… သင်ဇာဝင့်ကျော်
ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ''မင်းလည်းဘိုကေ၊ ငါလည်းဘိုကေ''ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ကျော်ကျော်ဗိုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ကျေးလက်ဟာသ ရုပ်ရှင်ကားကြီးဖြစ်ပြီး ဟိုဘက်ရွာ၊ ဒီ ဘက်ရွာနှစ်ရွာကြား မတည့်တဲ့အခါ ကြားကနေအဆင်ပြေအောင် လမ်းညွှန်ပြရတဲ့ ဆရာမလေးတစ်ယောက် အနေနဲ့သရုပ်ဆောင်ရပါတယ်။ အခုလက်ရှိ ရိုက်ကူးနေတာကတော့ နှောင်ကြိုးလေးတစ်မျှင်ဇာတ်ကားကို ကိုအောင်ရဲလင်း နဲ့ ရိုက်ကူးနေပါတယ်။ သင်ဇာ ဒီနှစ်ထဲမှာ အရင်တုန်းကထက် ဇာတ်လမ်းတွေ၊ လုပ်ကွက်တွေပိုရှိပြီး
အိုက်တင်ကောင်းကောင်းလုပ်ရမယ့်ဇာတ်လမ်းတွေကိုပဲရွေးချယ်ဖြစ်ပါတယ်။ အသက် ပဲကြီးလာလို့လားမသိဘူး။ စိတ်တွေအရမ်းတည်ငြိမ်နေပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ သိပ် မကြာခင်တုန်းက ဟားခါးမြို့ကဒုက္ခသည်စခန်းတွေမှာ သရုပ်ဆောင် အနုပညာရှင်တွေနဲ့ အတူ ကိုယ်တိုင်သွား ရောက်ပြီးတော့ လှူဒါန်းခဲ့ပါတယ်။ နောက်လထဲမှာ သြစတြေးလျကိုတစ်လကြာဖျော်ဖြေရေးသွားဖို့ရှိပြီး လက်ခံထားတဲ့ ရုပ်ရှင်ကားကြီးလည်းရှိပါတယ်။
Shape Entertainment Journal

No comments:
Post a Comment