ကချင်ပြည်နယ် ပူ တာအိုခရိုင်ရှိ မဲရုံအချို့နှင့် လမ်း ပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသရှိ မဲရုံများသို့ မဲရုံသုံးပစ္စည်း များ တပ်မတော်ရဟတ်ယာဉ်အ ကူအညီ တောင်းခံပြီး ပို့ဆောင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘မဲရုံသုံးပစ္စည်းတွေကို ပူတာ အိုခရိုင်ကိုတော့ ဒီကနေတစ်ဆင့် လေယာဉ်နဲ့ တင်မယ်။ ပြီးတော့ တပ်မတော်ရဟတ်ယာဉ်တွေကို အကူအညီတောင်းပြီး ပို့မယ်’’ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲအ ရာရှိ ဦးထွန်းအောင်ခိုင်က ပြော ကြားသည်။
ရွေးကောက်ပွဲ ကျင်းပပြီး နောက် မဲများကို ပြန်လည်သယ် ဆောင်ရန် ထပ်မံညှိနှိုင်းရမည်ဟု ဆိုသည်။
ပူတာအိုခရိုင်ရှိ ခေါင်လန် ဖူး၊ ဆွမ်ပရာဘွမ်၊ နောင်မွန်းစ သည့်ဒေသများတွင် ရွေးကောက် ပွဲ ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများသည်လည်း မဲဆွယ် စည်းရုံးရေးသွားရောက်ရန် လမ်း ပန်းဆက်သွယ်ရေး ခက်ခဲကာ အဆင်မပြေဖြစ်နေကြောင်း သိရသည်။
ဆွမ်ပရာဘွမ် မြို့နယ်တွင် လွန်ခဲ့သည့် ဇွန်လမှစပြီး တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး လမ်းတံတားများ ဖျက်ဆီးခံထားရသည့်အတွက် ကုန်းလမ်းခရီးမှ သွားလာရန် ခက်ခဲနေခြင်း ဖြစ်သည်။
7Day Daily
No comments:
Post a Comment