Sunday, September 27, 2015

အချိန်ယူနေတဲ့ ရွှေပိုးအိမ်


ပရိသတ် အခိုင်အမာ ရရှိလာပြီဖြစ်တဲ့ ဇာတ်ပို့သရုပ်ဆောင် ရွှေပိုးအိမ်က ခေါင်းဆောင် မင်းသမီး တစ်လက်အနေနဲ့ ပရိသတ်ကြီး မြင်ရဖို့ ကြိုးစား နေပါတယ်လို့ ပြောပြပါတယ်။““ညီမက အခုမှ ပြန်ပြီး အချိန်ယူနေ ရသလို ဖြစ်သွားတယ်။ ဒီလိုဖြစ်သွားတာက ကြားထဲမှာ စာချုပ်က မပြည့်သေးတော့ ဘာမှမလုပ်ဖြစ်ဘူး ဖြစ်သွားတယ်။ ဒါပေမဲ့ အခုညီမပြန်ပြီး လုပ်ဖြစ်လာပါပြီ၊ အချိန်ယူ နေပါတယ်။ ညီမကို ခေါင်းဆောင် မင်းသမီး တစ်လက် အနေနဲ့ ပရိသတ်ကြီး တွေ့ရတော့မှာပါ။ သိပ်မကြာတော့ ပါဘူး။ ဒီအတွက် အကောင်းဆုံး ပြင်ဆင်နေ ပါတယ်။ ပရိသတ်ကြီး စိတ်မပျက် စေရပါဘူးလို့ ကတိပေးပါတယ်”” လို့ ဖွင့်ဟသွားပါတယ်။

လက်ရှိမှာတော့ ဇာတ်ပို့ မင်းသမီးတစ်လက် အနေနဲ့သာ တွေ့ရပေမယ့် မကြာခင်မှာ ခေါင်းဆောင် မင်းသမီး တစ်လက်အနေနဲ့ တွေ့ရအောင် ကြိုးစားသွားမယ်လို့ ရွှေပိုးအိမ်က ပြောပါတယ်။

Messenger News Journal

No comments:

Post a Comment