ဓာတ်ပုံ- REUTERS
ဆော်ဒီအာရေးဗီးယား နိုင်ငံရှိ မွတ်စလင်တို့ အထွတ်အမြတ်ထားရာ မက္ကာမြို့တွင် ကရိန်းတစ်ခုပြိုလဲပြီး လူ ၁၀၇ ဦးသေဆုံးကာ ၂၃၀ ဦးဒဏ်ရာရရှိခဲ့သည်။
ဝတ်ပြုဆုတောင်းနေသူများနှင့် ပြည့်နေသည့် ကမ္ဘာ့အကြီးဆုံး ဂရန်ဗလီ၏ တစ်စိတ်တစ်ပိုင်းပေါ်သို့ အနီရောင်ကရိန်းကြီးပြိုလဲကျခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- AP
လေပြင်းများတိုက်ခတ်မှုနှင့် မိုးသည်းထန်မှုတို့ကြောင့် ကရိန်းပြိုလဲကျခြင်းဖြစ်သည်ဟု ဆော်ဒီအာရေးဗီးယားအရပ်ဘက်ကာကွယ်ရေးဌာနအကြီးအကဲက ပြောသည်။
မွတ်စလင်တို့ နှစ်စဉ်ကျင်းပလေ့ရှိသော ဟာ့ခ်ျဘုရားဖူးကာလအတွက် မက္ကာမြို့တွင် ကြိုတင်ပြင်ဆင်နေစဉ် ယခုကဲ့သို့ မတော်တဆကြီးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ယခုလအတွင်း မက္ကာမြို့သို့ ကမ္ဘာတစ်ဝန်းမှ လူထောင်ပေါင်းများစွာ ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။
သောကြာနေ့ ၀တ်ပြုဆု တောင်းပွဲအတွက် လူများစွာရှိ နေချိန်၌ ကရိန်းပြိုလဲကျခြင်းဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးဌာန အကြီးအကဲ ဒုဗိုလ်ဆူလေမန်ဘင်အဗ္ဗဒူလာအယ်လ်အမာက ပြောသည်။
ကရိန်းပြိုမကျမီက မက္ကာမြို့တွင် အစဉ်အလာမဟုတ်ဘဲ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၅၀ နှုန်းအထိ တိုက်ခတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
တွစ်တာဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော ပုံများ၌ ယင်း ဗလီကြီး၏ ကြမ်းပြင်ပေါ်တွင် အလောင်းများ၊ သွေးများ မြင်တွေ့ရသည်။မွတ်စလင်များအနေဖြင့် တစ်သက်တွင် အနည်းဆုံးတစ် ကြိမ်မျှ ယင်းနေရာသို့ ဘုရားဖူးသွားရောက်နိုင်အောင် ကြိုးစားရန် လိုအပ်ကြောင်း အစ္စလာမ်ဘာသာက သတ်မှတ်ထားသည်။
လူပေါင်း ၂ ဒသမ ၂ သန်းအထိ တစ်ချိန်တည်း လက်ခံနိုင် ရေး ယင်းဗလီကြီးကို စတုရန်း ပေ ၄ ဒသမ ၃ သန်းတိုးချဲ့ရန် ဆော်ဒီအာရေးဗီးယားအာဏာ ပိုင်များက ပြီးခဲ့သည့် နှစ်က
တိုးချဲ့ဆောက်လုပ်မှု စတင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။
—Ref:BBC
7Day Daily
No comments:
Post a Comment