Wednesday, September 30, 2015

ဧဗရယ် လဗင်း ခံစားနေရသည့် ရောဂါအခြေအနေကို ဖွင့်ချ


နာမည်ကျော် အဆိုတော် ဧဗရယ် လဗင်းက သူခံစားနေရသည့် Lyme ရောဂါခေါ် ဘက်တီးရီးယား ကူးစက်ခံရသည့် ရောဂါတစ်မျိုးနှင့် ပတ်သက်ပြီး ရင်ဖွင့်ပြောဆို လိုက်ပြီ ဖြစ်သည်။

ကနေဒါနိုင်ငံသူ အဆိုတော်သည် ၄င်းရောဂါ ရှိနေပြီဖြစ်ကြောင်း ယမန်နှစ်တွင် သိရှိခဲ့သည်။ ရောဂါ အခြေအနေနှင့် ပတ်သက်ပြီး သူ့ကိုချစ်သော ပရိသတ်များကိုလည်း အချိန်နှင့် တပြေးညီ ဖွင့်ချပြခဲ့သည်။““ကျန်းမာရေး ကောင်းတော့ မှာပါ၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နေပါတယ်””ဟု အဆိုတော်က တွစ်တာတွင် ရေးသားခဲ့သည်။

ထို့ပြင် ဧဗရယ်လဗင်းသည် ဂျင်းဘောင်းဘီ၊ ဘေ့စ်ဘော့ ဦးထုပ်တို့ကို ဆောင်းပြီး ဆေးခန်းရှိ ထိုင်ခုံတွင် ထိုင်နေပုံကိုလည်း ဖော်ပြခဲ့သည်။ ထို့ပြင် အဆိုတော်က ““ခရီးဆက် နေရဦးမယ်၊ ဆက်ပြီး လှမ်းမယ်၊ မိုးကိုထိတဲ့အထိ တက်လှမ်းမယ်””ဟု ရေးသားခဲ့သည်။

၂၀၁၄ ခုနှစ် နွေရာသီတွင် ဧဗရယ်သည် ငါးလခန့် အိပ်ရာထဲလဲခဲ့သည်။ ဆရာဝန်များနှင့် ကျန်းမာရေး ၀န်ထမ်းများက အဆိုတော်တွင် ဖြစ်နေသည့် ရောဂါကို သိရှိရေးအတွက် အပြင်းအထန် ကြိုးပမ်းခဲ့သည်။ အဆိုတော်သည် အလုပ်ပင်ပန်း လွန်းသဖြင့် အားနည်းနေခြင်း ဖြစ်ကြောင်း ဆရာဝန်များက အစောပိုင်းတွင် ပြောဆိုခဲ့သည်။

ဧဗရယ်သည် ရုပ်ပိုင်းဒဏ်ရာ သာမက စိတ်ပိုင်းဒဏ်ရာလည်း ရရှိနေသည်။ အဆိုတော်သည် နစ်ကယ်ဘက်ခ်အဖွဲ့မှ ခင်ပွန်းဖြစ်သူ ချတ်ခရိုဂါနှင့် လမ်းခွဲပြီဖြစ်ကြောင်း ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ခရိုဂါနှင့် နှစ်နှစ်ကြာ ပေါင်းသင်းပြီးနောက် လမ်းခွဲလိုက်ခြင်း ဖြစ်သည်။

Source:Mirror
Messenger News Journal

No comments:

Post a Comment