
တရုတ်နိုင်ငံ ဟိုနန်ပြည်နယ်ရှိ အမျိုးသား ပန်းဥယျာဉ်တစ်ခုမှာ အလုပ်သမား ၁၁ အဖွဲ့တစ်ဖွဲ့ဟာ ၃၀၀ မီတာရှည် သစ်သားတံတား တစ်ခုကို လေပေါ် မီတာ ၁၈၀ အရှည်ရှိတဲ့ ဖန်ထည်တံတားတစ်ခုအဖြစ် ပြောင်းလဲ တည်ဆောက် လျက်ရှိနေပါတယ်။ ၄င်းဟာ မကြာခင်မှာ လုံးဝဖောက်ထွင်းမြင်နိုင်တဲ့ ပထမဆုံး ဖန်သားပြင်တံတား ဖြစ်လာတော့မှာဖြစ်တယ်။“ကျွန်ုပ်တို့ ရွေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပေမယ့် ကျွန်ုပ်တို့အဖွဲ့အနေနဲ့ ဒီတံတားအရှင်ကို ဆောက်လုပ်ရလို့ ဂုဏ်ယူပါတယ်လို့ အဖွဲ့ခေါင်းဆောင် Wei Yifu က ပြောဆိုခဲ့တယ်။ အဖွဲ့အနေနဲ့ ယင်းတံတားကို တည်ဆောက်ဖို့ တစ်နေ့ ၁၂ နာရီကြာ အလုပ်လုပ်ရပါတယ်။ ကံကောင်းရင် တစ်နေ့ မှန်အချပ် ၁၀ ထက်မက ခင်းနိုင်တယ်လို့ နောက်အလုပ်သမားတစ်ဦးဖြစ်တဲ့ Yang Guohong က ပြောပါတယ်။
ကျွန်ုပ်တို့ တည်ဆောက်နေတဲ့ ဒီတံတားဟာ အရမ်းလုံခြုံစိတ်ချရကြောင်း ကတိပေးပါတယ်။ မှန် အက်ကွဲသွားရင်တောင် ကမ္ဘာလှည့်ခရီးသည်တွေ ပြုတ်တော့မကျပါဘူး။ သို့သော် လတ်တလော အနေအထားအရ ခြေဖြင့် နင်းလိုက်တိုင်း တုန်သွားတတ်တာကြောင်း အလုပ်သမားတွေအတွက်တော့ လုံးဝမချောင်ပါဘူး။ အလုပ်လုပ်ကို အချိန်အများကြီးပေး လုပ်ထားလို့ ဘာစိုးရိမ်စရာမှ မလိုပါဘူးလို့ သူက ထပ်မံပြောဆိုပါတယ်။
ဖန်သားဝေယံလျှောက်လမ်းတွေ၊ တံတားတွေနဲ့ ပတ်ဝန်းကျင်အလှကို အရသာခံနိုင်တဲ့စင်္ကြန်တွေဟာ မကြာခင်မှာ ကမ္ဘာလှည့်ခရီးသည်များ မျက်စိကျရာနေရာဖြစ်လာမှာဖြစ်တယ်။ “Haohan Bridge” သို့မဟုတ် “Brave man bridge” လို့ အမည်သွင်မယ့် အဆိုပါတံတားဟာ အောက်တိုဘာ မတိုင်ခင် အပြီးတည်ဆောက်သွားမှာဖြစ်ပါတယ်။



Ref: CCTV
Trend Myanmar
No comments:
Post a Comment