သေဒဏ် ဆန့်ကျင်သူများအဖွဲ့က ထိုင်းရဲတပ်ဖွဲ့က သက်သေအဖြစ် တင်သွင်းထားသော CCTV ပုံရိပ်၌ ပြေးနေသည့် လူတစ်ဦး၏ ပုံကို စစ်ဆေးရာ ယင်းပုံတွင်ပါရှိသော သူသည် ဇော်လင်းမဟုတ်ကြောင်း ပြော ကြားသည်။ ထိုင်းရဲတပ်ဖွဲ့က ယင်းပုံတွင် ပြေးလွှားနေသော သူသည် လူသတ်တရားခံ ဇော်လင်းဖြစ်ကြောင်း သက်သေအ ဖြစ်တင်သွင်းထားခြင်းဖြစ်သည်။
ထို့အပြင် သေဆုံးသူ ဟန် နာကို ခွဲစိတ်စစ်ဆေးခဲ့သော ဗြိတိန်မှ မှုခင်းဆရာဝန်ဒေါက် တာ ကယ်ရီသည် ဟန်နာ၏ တန် ဆာနှင့် စအိုကြားတွင် မည်သည့် ဒဏ်ရာမှ မတွေ့ရှိကြောင်း အန်လ်ဒီဟောအား ဖုန်းဖြင့် ဆက် သွယ်ပြောကြားခဲ့သည်ဟု တရား ရုံးသို့ ထွက်ဆိုခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့က ဟန်နာ၏ တန်ဆာနှင့် စအိုကြားတွင် ဒဏ်ရာတွေ့ ရှိထားကြောင်း တရားရုံးသို့ တင်ပြထားသည်။
အခင်းဖြစ်ပွားရာတွင် တွေ့ ရှိထားသော ဖုန်းသည် သေဆုံးသူ ဒေးဗစ်၏ ဖုန်းဖြစ်ကြောင်းဗြိ တိန်နိုင်ငံက ပြောကြားထားသည် ဟု ထိုင်းရဲတပ်ဖွဲ့က တရားရုံးသို့ တင်ပြထားသည်။ ဗြိတိန်ရှိ တယ်လီဖုန်းဌာန အကြီးအကဲက ထိုင်းရဲတပ်ဖွဲ့ထံ ယင်းသို့ပြောဆို ထားခြင်းမရှိကြောင်း ထိုင်းနိုင်ငံရှိ ဗြိတိန်သံရုံးနှင့် ရှေ့နေများကောင်စီသို့ စာပေးပို့ထားပြီး ယင်းစာကို တရားရုံးသို့ တင်ပြခဲ့ ကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှရှေ့နေ ဦးအောင်မျိုးသန့်ကပြော သည်။
‘‘မြန်မာလုပ်သားလေး နှစ် ယောက်ကို သေဒဏ်ကျခံရမယ့် အခြေအနေ ဖြစ်နေတဲ့အခါမှာ မယုံသင်္ကာဖြစ်လို့ အင်္ဂလန်မှာရှိ တဲ့ သေဒဏ်ဆန့်ကျင်ရေးအဖွဲ့က စိုးရိမ်ပူပန်ခဲ့တယ်။ CCTV မှာပြ နေတဲ့ ဇော်လင်းပြေးနေတဲ့ပုံကို အင်္ဂလန်က မှုခင်းဆရာဝန်က စစ် ခဲ့တယ်။ အဲဒီပုံက ဇော်လင်းပုံ သေချာပေါက်မဟုတ်ဘူးဆိုတာ အဲဒီ အဖွဲ့က မှုခင်းဆရာဝန်တွေက ပြောတယ်။ သေဆုံးသူ ဒေးဗစ်နဲ့ ဟန်နာတို့ကို အင်္ဂလန်မှာ ခွဲစိတ် မှု ပြုလုပ်ခဲ့တဲ့ ဒေါက်တာ ကယ်ရီ က ဒီနေ့ထွက်ဆိုတဲ့ ဗြိတိန်နိုင်ငံ သား အန်လ်ဒီဟောနဲ့ ဖုန်းပြောရ ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က တင် သွင်းထားရာမှာ ဟန်နာရဲ့ တန် ဆာနဲ့ စအိုကြားမှာ ဒဏ်ရာရှိပါ တယ်လို့ ဒဏ်ရာအကျယ်အ၀န်းနဲ့ တင်ပြထားတာရှိပါတယ်။ ဒါကို ဒေါက်တာ ကယ်ရီက ဟန်နာ့ကို စစ်ဆေးတဲ့အခါမှာ ဘာဒဏ်ရာမှ မရှိဘူးလို့ ပြောပါတယ်’’ဟု ရှေ့ နေဦးအောင်မျိုးသန့်က ပြော သည်။
ထို့အပြင် ထိုင်းရဲတပ်ဖွဲ့ သည် အခင်းဖြစ်ပွားစဉ်က မြန်မာလုပ်သားများအား ရေနွေးပူဖြင့် လောင်းပြီး စစ်ဆေးခဲ့သော ဗီဒီယိုဖိုင်များကို တရားရုံးသို့ တင်သွင်းပြီး ပြသခဲ့ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
‘‘အမှုနဲ့ ပတ်သက်လို့ မြန်မာ လုပ်သားတွေကို ရေနွေးလောင်း၊ မျက်နှာကို ပလတ်စတစ်အိတ်နဲ့ စွပ်ပြီး စစ်ဆေးခဲ့တာကို ကျွန် တော်တို့ဘက်က တရားခွင်မှာ တင်ပြခဲ့တယ်။ နောက်ပြီး သက် သေအဖြစ် ကျန်နေခဲ့တဲ့ ဖုန်းက ဒေးဗစ်ရဲ့ ဖုန်းဟာ မှန်ကန်ပါတယ်လို့ အင်္ဂလန်က ပြန်စာပေးပါတယ် ဆိုပြီး ထိုင်းရဲတပ်ဖွဲ့က သက်သေ ခံတင်ထားပါတယ်။ ဒါပေမဲ့ တကယ်တမ်းအင်္ဂလန်မှာရှိတဲ့ တယ်လီဖုန်းဌာနအကြီးအကဲက ပြောတာက ဒီစာဟာ သူတို့ပေး တဲ့ စာမဟုတ်ဘူးလို့ ထိုင်းရဲတွေ လုပ်ကြံတဲ့စာပါဆိုပြီးတော့ ကန့် ကွက်ထားတယ်’’ဟု ရှေ့နေဦး အောင်မျိုးသန့်က ပြောသည်။
စက်တင်ဘာ ၂၂ ရက်က လိပ်ကျွန်းတရားခံပြသက်သေ များကို(၁၆)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာ ဒေါက်တာ ပွန်တစ်၏ လက်ထောက်မှုခင်းဆရာဝန်က ပေါက်တူးအရိုးတွင် တွေ့ရှိထား သည့် ဒီအင်န်အေ နှစ်မျိုးသည် ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦး၏ ဒီအင်န်အေများမဟုတ်ဟု အဆို ပါမှုခင်းဆရာဝန်က ထွက်ဆို သည်။
လိပ်ကျွန်းလူသတ်မှုတရား ခံပြသက်သေများကို စက်တင်ဘာ၂၅ ရက်အထိ ဆက်လက်စစ်ဆေးမည်ဖြစ်သည်။
7Day Daily
No comments:
Post a Comment