ယာဉ်တိုက်မှုဖြစ်၍ လူ သေဆုံးမှုဖြစ်ပွားခဲ့သော (၂၄၅) ဘီအမ်ယာဉ်လိုင်းနှင့် ရွှေရန်ကုန်ယာဉ်လိုင်းလက်အောက်ရှိ ခြင်္သေ့ ယာဉ်လိုင်းတို့ကို ယာဉ်ပြေးဆွဲခွင့် ခြောက်လပိတ်သိမ်း အရေးယူ ထားကြောင်း မထသ(ဗဟို)မှ သတင်းရရှိသည်။ခရီးသည်တင် ယာဉ်များဖြစ် သည့် (၂၄၅) ဘီအမ်ယာဉ်နှင့် ရွှေ ရန်ကုန်မှ ရွှေခြင်္သေ့ယာဉ်တို့သည် ယာဉ်လိုင်းပြေးဆွဲချိန်တွင် လူ သေဆုံးမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အောက်တိုဘာ ၁ ရက်မှစ၍ ယာဉ် ပြေးဆွဲခွင့် ခြောက်လပိတ်သိမ်း အရေးယူထားကြောင်း မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
မထသ လက်အောက်ရှိ လိုင်းကားများ ယာဉ်မတော်တဆ ဖြစ်၍ လူသေဆုံးပါက ယင်း ယာဉ်လိုင်းရှိ ယာဉ်များအားလုံးကို ပါ ပြေးဆွဲခွင့် ငါးရက်အထိ ထပ်မံ ပိတ်သိမ်းမည်ဟု မထသက ကြေ ညာချက် ထုတ်ပြန်ထားသော ကြောင့် အဆိုပါ ယာဉ်လိုင်းနှစ်ခုမှ ယာဉ်များကို ယခုလ ၆ ရက်မှ စတင်၍ ယာဉ်ပြေးဆွဲခွင့် ငါးရက် ပိတ်သိမ်းအရေးယူပြီဖြစ်ကြောင်း မထသမှ သိရသည်။
မြောက်ဒဂုံမှ ဆူးလေအထိ ပြေးဆွဲသော (၂၄၅)ဘီအမ်ယာဉ်လိုင်းသည် ဇူလိုင် ၃၀ ရက်တွင် တောင်ဥက္ကလာပဘေလီအနီး၌ ပါရမီယာဉ်နှင့်တိုက်မိရာ အမျိုးသားတစ်ဦး ဦးခေါင်းဒဏ်ရာထိ ခိုက်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အဆိုပါနေ့ရက်၌ ပင် အလုံမှ ဗိုလ်တထောင်မြို့နယ် အမျိုးသားစီမံရေး ကောလိပ်သို့ ပြေးဆွဲသော ရွှေရန်ကုန်ယာဉ် လိုင်းမှ လိုင်းခွဲရွှေခြင်္သေ့ယာဉ် သည်လည်း အမျိုးသမီးနှစ်ဦးကို ဝင်တိုက်မိရာ သေဆုံးခဲ့သည်။
အဆိုပါ စည်းကမ်းထိန်း သိမ်း အရေးယူမှုပြစ်ဒဏ်အသစ် ကို ပြီးခဲ့သည့် ဩဂုတ် ၂၆ ရက်မှ စတင်ကာ နေ့စဉ်ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော မထသ လက်အောက်ရှိ ယာဉ်လိုင်းများ ယာဉ်မတော်တဆဖြစ်၍ လူသေ ဆုံးမှုထိရှိလာပါက ပြစ်မှုအနေ ဖြင့် အရေးယူမည်ဖြစ်ကြောင်း မထသက ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။
လက်ရှိတွင် ယာဉ်မတော် တဆဖြစ်၍ လူသေဆုံးမှုဖြစ်ခဲ့ သော (၄၉)ယာဉ်လိုင်း၊ (၅၁) ယာဉ်လိုင်းနှင့် (၅၇)ယာဉ်လိုင်းတို့ကို ပြစ်ဒဏ်အသစ်ဖြင့် စတင် အရေးယူထားပြီးဖြစ်ကြောင်း မထသ (ဗဟို)မှ သိရသည်။
ထို့အပြင် အဝေးပြေးယာဉ် လိုင်းများမှ ယာဉ်များလည်း ယာဉ်မတော်တဆဖြစ်၍ လူသေဆုံးမှု ဖြစ်ပေါ်လာပါက ယာဉ်တိုက်မှု ဖြစ်သည့်ယာဉ်ကို ခြောက်လပြေး ဆွဲခွင့် ရပ်နားမည်ဖြစ်ကာ ယင်း ယာဉ်လိုင်းမှ ယာဉ်များအားလုံး ယာဉ်ပြေးဆွဲခွင့် တစ်လတိတိ ထပ်မံပိတ်သိမ်းအရေးယူမည်ဖြစ် ကြောင်း မထသအဝေးပြေးမှ သိရသည်။
‘‘တချို့လိုင်းကားတွေ မဆင် မခြင်မောင်းနှင်ကြတာများတယ်။ မိုးတွင်းမှာဆို လမ်းတွေချော်ပြီး ယာဉ်တိမ်းမှောက်မှုပိုဖြစ်လွယ် တယ်ဆိုတာကိုလည်း သူတို့သိပေ မယ့်လည်း ဆင်ခြင်ပြီး မမောင်း ကြဘူး။ အခုလိုယာဉ်ပြေးဆွဲခွင့် ပိတ်သိမ်းတာအပြင် ယာဉ်လုပ် သားတွေ နားလည်အောင် မထသကနေ ပညာပေးဖို့ လိုအပ်တယ်’’ ဟု တောင်ဥက္ကလာပမြို့နယ်နေ ကိုရဲကျော်ခန့်က ပြောသည်။
7Day Daily
No comments:
Post a Comment