Monday, October 5, 2015

ချစ်သူရှိတယ်လို့ပြောလို့ရသလိုမရှိဘူးလို့လည်းပြောလို့ရပါတယ်…ရွှေမှုံရတီ


ပြုံးချိုရေ ပျော်ရဲ့လား ရုပ်ရှင်ကားမှာ ကိုနေတိုးရဲ့ဇနီး၊ ဇာတ်မင်းသမီးအဖြစ် သရုပ်ဆောင်ရပါတယ်။ ဒီရုပ်ရှင် ကာရိုက်တာက ရွှေမှုံရဲ့ပထမဦးဆုံး အငြိမ့်မင်းသမီးအဖြစ် ရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ရပါတယ်။ ရွှေမှုံကလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့ သရုပ်ဆောင်ထားပါတယ်။ အခု ရိုက်တဲ့ရုပ်ရှင်ဆိုရင်လည်း အိမ်က အရမ်းကိုကြိုက်တဲ့အတွက် အစစအရာရာပိုပြီးတော့ ဂရုစိုက်ရပါတယ်။ အ၀တ်စားဆိုရင်လည်း ပရိသတ်ရှေ့ နောက်၂နှစ်လောက်မှရောက်မှာဆိုတော့ Up to Date ဖြစ်အောင်ကြိုးစားပြီး သရုပ်ဆောင်ရပါတယ်။ ရွှေမှုံ ဒါရိုက်တာဦးဝင်းထွန်းထွန်းနဲ့ ရိုက်ကူးခဲ့တဲ့ မှော်ကျောက်စာရုပ်ရှင်ကားကြီးကလည်း ရွှေမှုံအတွက်အင်အားဖြစ်စေမယ့်ရုပ်ရှင်ကားကြီးပါ။ ဒီနှစ်ထဲမှာ ရုံတင်ပါမယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အများကြီးရချင်ပါတယ်။ ရွှေမှုံရဲ့ ချစ်ရေးသတင်းကတော့ ချစ်သူရှိတယ်လို့ပြောလိုရသလို မရှိဘူးလို့လည်းပြောလို့ရပါတယ်။ အဲဒါကတော့ ပရိသတ်တွေရဲ့ သတ်မှတ်ချက်အပေါ်မှာပဲမူတည်ပါတယ်။ ရွှေမှုံက ကိုယ်လုပ်တဲ့အနုပညာကိုပဲပိုပြီးတော့ စိတ်ဝင်စားပါတယ်။
Shape Entertainment Journal

No comments:

Post a Comment