Wednesday, October 21, 2015
ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေကို စကားစစ်ထိုးပွဲ လုပ်ဖို့ ဒေါ်ညိုညိုသင်း စိန်ခေါ်
ဗဟန်းမြို့နယ် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည့် တသီးပုဂလ အမတ်လောင်း ဒေါ်ညိုညိုသင်းဟာ ပြိုင်ဘက်အမတ်လောင်းတွေ နဲ့ပါတ်သတ်ပြီး ယှဉ်ပြိုင်ရာမှာ စကားစစ်ထိုးပွဲအထိ ပြုလုပ်ရန် စိန်ခေါ်ခြင်းကြောင်းကို ပြောလိုက်ပါတယ်။“ပြိုင်ဘက်လောင်းတွေ ကို စိန်ခေါ်ချင်ပါတယ် တစ်နေရာမှာမှာ တွေ့မဲ ဗိုလ်စိန်မှန်ကွင်းမှာ တွေ့မယ် ပြည်သူ့လူထု အတွက် ဘာတွေလုပ်ပေး တယ်ဆိုတာ ပြိုင်ပြောကြမယ် ဘာတွေလုပ်ခဲ့တယ်ဆိုတာ လက်တွေ့ကျကျ ဆွေးနွေးပွဲတွေ လုပ်ကြမယ် ပြည်သူလူထု မေးတဲ့ မေးခွန်းတွေ ကိုအန်တီတို့ဖြေမယ် ဒါကြောင့် အန်တီပြိုင်ဘက်တွေ ကို ရိုးရိုးသားသားနဲက ဖိတ်ခေါ်ပါရစေ ဗိုလ်စိန်မှန်ကွင်းမှာ တွေ့ကြရအောင်လို့” လို့ဒေါ်ညိုညိုသင်း ကပြောပါတယ်။
လတ်တလော မှာ သူဟာ ဖေ့ဘုတ်ပေါ်မှာ ပဂိုလ်ရေးအရတိုက်ခိုက်ခံရတာမျိုးတွေ၊ သူရဲ့မဲဆွယ် ဗီနိုင်းတွေတွေ ဆုတ်ဖြဲ ဖျက်ဆီးခံရတာမျိုးတွေ၊ နဲ့ ဗဟန်းမြို့နယ်အတွင်းမှာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းတစ် ဦးက ဖြန့်ဝေတဲ့ မဲဆွယ်စာအုပ်မှာ သူနဲ့ပါတ်သတ်ပြီး မဟုတ်မမှန်တာတွေ ရေးသားထားတွေ နဲ့ကြုံတွေ့နေရတာ ဖြစ်တယ်လို့ ဒေါ်ညိုညိုသင်းကပြောပါတယ်။
သူ့အနေနဲ့ ရွေးကောက်ခံ ရပါက တိုင်းရင်းသား အင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစု တွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ ခေတ် အဆက်ဆက် က တိုင်းရင်းသာတွေ အပေါ် မြန်မာ နိုင်ငံရေးသမား အတော် များများက ထည့် သွင်းစဉ်စား ဆောင်ရွက်မူ တွေ နည်းတဲ့အတွက် လည်း အလေးထား ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။
သူဝင်ပြိုင်မဲ့ ဗဟန်းလွှတ်တော်မဲဆန္ဒနယ် မှာ ရပ်ကွက် ၂၂ ခုထိရှိပြီး ရာခိုင်နုန်းပြည့် မဲဆွယ်မူတွေ ပြီးသော်လည်း ထွက်ပေါ်လာတဲ့ တိုက်ခိုက်မူ ကောလဟာလတွေကြောင့် နောက်တစ်ကြိမ် ထပ်မံ မဲဆွယ် စည်းရုံးမူ တွေပြုလုပ်သွားမယ် လို့သိရပါတယ်။
ပြီးခဲ့တဲ့ တိုင်းဒေသကြီးလွှတ်တော် အတွင်းမှာလည်း သူရဲ့ တင်သွင်းတဲ့ အဆိုတွေကြောင့် စီးပွားရေး လုပ်ငန်းရှင် အချို့ရဲ့ ခြိမ်းခြောက် ခံမူတွေ ကြုံတွေ့ခဲ့ရတယ် လို့သိရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဝင်ရောက်ယှဉ်ပြိုင်ရန် ဒေါ်ညိုညိုသင်း က စာရင်းပေး ထားပြီး ရွေးချယ်မခံရတာဖြစ်ပါတယ်။ ပါတီ ငါးခုက ကမ်းလှမ်းလာသော် လည်း တစ်သီးပုဂ္ဂလ အဖြစ်သာ ဗဟန်းမဲဆန္ဒနယ်မှ ဝင်ပြိုင် ခဲ့တာဖြစ်ပါတယ်။
author ကိုသက်ဖြိုး
Kumudra

No comments:
Post a Comment