Saturday, October 10, 2015

သရုပ်ဆောင် မလုပ်ဘူးဆိုတဲ့ ရတနာမိုင်



သီချင်းအသစ်နဲ့ Solo အသစ်ထွက်နိုင်ဖို့ကို ကြိုးစားနေတဲ့ ရတနာမိုင်က ဇာတ်ကားအချို့ကို ရိုက်ကူးထားသော်လည်း သရုပ်ဆောင်တစ်ယောက် အဖြစ်တော့ မလုပ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ “မိုင်လေး ရုပ်ရှင်တစ်ကားကိုတော့ ပထမဆုံး စရိုက်တာ ပေါ့နော်။ ကိုနေတိုးနဲ့လေ။ မိုင်လေးကိုလည်း လာပြီးတော့ အကူအညီ တောင်းတယ်။ အဲဒီကားလေးကို ရိုက်ဖို့ကို ပြောတယ်။ ဇာတ်ကလည်း အဆိုတော် ဇာတ်ဆိုတော့ မိုင်လေးလည်း လက်ခံဖြစ်တယ်။ ကိုယ်ကလည်း အဆိုတော်လည်း ဖြစ်တယ်။ အဲဒါကြောင့် ရိုက်ဖြစ်တယ်။ အဲဒီ ရုပ်ရှင်ကားထဲမှာလည်း သီချင်းတွေလည်း ဆိုထားပါတယ်။ သီချင်းကတော့ ကိုညီမင်းခိုင်ရဲ့ သီချင်းလေးပါ။ အရင်တုန်းကလည်း ဗီဒီယိုလေးတွေ ရိုက်ထားပေးမယ့် အခုချိန်မှာတော့ ဇာတ်ကားရိုက်ဖို့နဲ့ သရုပ်ဆောင် လုပ်ဖို့တော့ အစီအစဉ်တော့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ မိုင်လေးက အဆိုတော်။ နောက်ပြီး Solo အသစ်ကိုလည်း လုပ်နေတာလည်း ပါတယ်။ မိုင်လေးရဲ့ မိုင်လေး အင်တာတိန်းမန့်က အလုပ်တွေလည်း ရှိသေးလို့ပါ။ သီချင်းတွေကို ရွေးနေတယ်။ တေးရေး ဆရာတွေ ဆီကိုလည်း သီချင်းအပ်ထားတယ်။ မိုင်လေး မဆိုဘူးတဲ့ သီချင်းပုံစံလေးတွေလည်း ဆိုမှာပါ”လို့ ရတနာမိုင်က ပြောပြခဲ့ပါတယ်။ရတနာမိုင်က နယ်ရှိုးပွဲတွေ သီဆိုနေပြီး ရေဘေးသင့် ရန်ပုံငွေပွဲတွေမှာလည်း သီဆိုထားတယ်လို့ ပြောပါတယ်။ အွန်လိုင်း ကနေပြီးတော့ သီချင်းတွေ တင်ဖို့လည်း ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

Messenger News Journal

No comments:

Post a Comment