မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ယခုလ (၆)ရက်နေ့က ဇနီးဖြစ်သူမှ အရက်သေစာများ မသောက်ရန်ပြောရာ အချင်းချင်း စကားများ ရန်ဖြစ်ပြီး ဇနီးဖြစ်သူအား တူမီးသေနတ်ဖြင့် ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ဖြစ်စဉ်မှာ ဆောမြို့နယ်၊ ကျောက်စစ် ကျေးရွာနေ ဘိုမင်း၊ (၄၅) နှစ်သည် နေအိမ်တွင် အရက်သေစာ သောက်စားနေသဖြင့် ဇနီးဖြစ်သူ မဌေးဌေးမြင့်(၄၀)နှစ်မှ အရက် ဆက်မသောက်ရန် ပြောသည်ကို မကျေနပ်၍ စကားများ ရန်ဖြစ်ရာမှ မီးဖိုချောင်အနီး ကျပ်ခိုးစဉ်ပေါ်တွင် ထားသော ဒင်အရှည် (၁)ပေ(၆)လက်မ၊ ပြောင်းအရှည် (၃)ပေ (၆)လက်မ၊ ပြောင်းဝအကျယ် (၁၈) စင်တီမီတာ ရှိသော တူမီးသေနတ်ဖြင့် ပစ်ခဲ့သောကြောင့် မဌေးဌေးမြင့်တွင် ၀ဲပါးဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ယာနားထင် ဖောက်ဝင်ဒဏ်ရာ (၁)ချက်တို့ရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မှုခင်းမှတ် တမ်းများအရ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တူမီး သေနတ်နှင့်ပစ်သူ ဘိုမင်းအား ဆောမြို့နယ်၊ မြို့မရဲစခန်းမှ (ပ)၇၄/၂၀၁၅၊ ပုဒ်မ - ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဆက်လက်သိရသည်။
Messenger News Journal
No comments:
Post a Comment