အနောက်တောင်မုတ်သုံ လေသည် မြန်မာတစ်နိုင်ငံလုံးမှ အောက်တိုဘာ ၁ ရက်က အပြီး ဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ယခုအခါ ရန်ကုန်တိုင်းဒေ သကြီးအပါအ၀င် မြန်မာနိုင်ငံ ဒေသအနှံ့နေရာကွက် မိုးကောင်း နေပြီး လေပြင်းတိုက်ခတ်မှုများ လည်း ဖြစ်ပေါ်နေသည်။မိုးတိမ် တောင်ဖြစ်စဉ်ဖြစ်သည့် မိုးကြိုး ပစ်ခြင်းများလည်း ဖြစ်ပေါ်နေ သည်ဟု ဒေသပေါင်းစုံမှ သတင်း ရရှိသည်။
‘‘မိုးတိမ်တောင်က မိုးကြို ကာလနဲ့ အခုလိုမိုးလွန်ကာလ တွေ အရမ်းသတိထားရတယ်။ လေထု မငြိမ်တာတွေဖြစ်တာ ကြောင့် မိုးကြိုးပစ်တာတွေ၊ လေ ပြင်းကျတာတွေ၊ အပျက်အစီး များတဲ့ စိုက်ဆင်းလေပြင်းအန္တ ရာယ်တွေ သတိထားဖို့လိုတယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြော သည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် လည်း နေရာကွက်၍ မိုးကောင်း ခြင်းနှင့် လေပြင်းကျခြင်းများ ယခု ရက်ပိုင်းနေ့စဉ်လို ဖြစ်နေသည်ဟု သတင်းရရှိသည်။‘‘မိုးက ခဏပဲ။လေပါတယ်။ ဒီရက်ပိုင်းနေ့တိုင်းလို ဖြစ်နေတာ။ ညနေပိုင်းတွေဆို မိုးခြိမ်း၊ မိုးကြိုး ပစ် အမြဲလိုဖြစ်နေတော့ လယ်ထဲ ဆင်းတာတောင် တော်တော်သ တိထားရတယ်’’ဟု ဓနုဖြူမြို့နယ် မှ တောင်သူ ဦးလှဆွေက ပြော ကြားသည်။
မိုးကြိုကာလက မိုးကြိုးပစ် ခံရမှုကြောင့် ဒေသပေါင်းစုံ၌ အ နည်းဆုံး လူ ၄၀ ခန့် သေဆုံးခဲ့ သည်ဟု နေပြည်တော်လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း မိုးကြိုးပစ်ခံရမှုကြောင့် လူ ၇၀ မှ ၈၀ဦးကြားသေ ဆုံးသည်ဟု အထက်ပါဌာနမှ သတင်းရရှိသည်။
မိုး/ဇလဌာနကလည်း ယခု မိုးလွန်ကာလတွင် တနင်္သာရီ တိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန် တိုင်းဒေသကြီး၊ မွန်နှင့်ကရင်ပြည် နယ်တို့တွင် မိုးပိုလာနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။ ထို့ ပြင် ပင်လယ်၌ လေထုမတည် မငြိမ်ဖြစ်နေမှုကြောင့် မြန်မာ့ ကမ်းရိုးတန်းဒေသများ၌ လေပြင်း ကျနိုင်သည်ဟု သတိပေးထားသည်။
7Day Daily
No comments:
Post a Comment