၂၀၁၅ အောက်တိုဘာ (၆)ရက်နေ့တွင် ဖားကန့်မြို့ ဝှေခါကျေးရွာမှ ရှမ်းနီ(တိုင်းလိုင်)ပါတီ စည်းရုံးရေးမှူးတစ်ဦးဖြစ်သူ ဦးကံဆက် (၄၆)နှစ်၊ ရှမ်း/ဗုဒ္ဓ နှင့် ဇနီးဖြစ်သူ ဒေါ်ဆိုင်းပို(၄၁)နှစ်၊ ကချင်/ဗုဒ္ဓ တို့(၂)ဦးသည် ကားဖြင့် ဂျမ်ကာဘုန်းကြီးကျောင်းသို့ နေအိမ်မှ အသွား ဝှေခါဘုန်းကြီးကျောင်းရှေ့ ကားလမ်းမပေါ်သို့အရောက်၌ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသူ KIA (၂)ဦးက ကားရပ်ပေးရန်ပြောဆို၍ ရပ်ပေးစဉ် ပစ္စတိုဖြင့် မျက်နှာကို (၁)ချက်ပစ်ကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း၊ ဦးကံဆက်မှာ ညာဘက် နှာခေါင်းဘေးသို့ ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာမှာပင် သေဆုံးသွား ခဲ့သည်။သေဆုံးသွားသူ ဦးကံဆက်မှာ ၂၀၀၁ ခုနှစ်တွင် ဝှေခါကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့ဘူးပြီး သမာအာဇီဝကျသော ကွန်ပျူတာစာစီ၊ မိတ္တူကူးလုပ်ငန်း၊ ကျောက်သွေး လုပ်ငန်းများ လုပ်ကိုင်စားသောက်လျှက် ဝှေခါကျေးရွာ ရှမ်းနီ(တိုင်းလိုင်)ပါတီ စည်းရုံးရေးမှူးအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ အောက်တိုဘာ(၅)ရက်နေ့ကလည်း နန့်မှော်ကျေးရွာနေ ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့ဝင်တစ်ဦးကို ဆက်ကြေးမပေးခြင်းကြောင့် KIA မှ သေနတ်ဖြင့် လာရောက်ပစ်သတ် သွားခဲ့သည်။ ယခုကဲ့သို့ နေ့စဉ်ရက်ဆက် ဖားကန့်မြို့နယ်အတွင်း ရှမ်းမျိုးနွယ်စုဝင်များ အသတ်ခံ နေရခြင်းအပေါ် ရှမ်းမျိုးနွယ်စုဝင်များ လုံးဝ ကျေနပ်မှုမရှိပါကြောင်း၊ သတ်ဖြတ်သူများမှာ KIA ၏ လက်ပါးစေများဖြစ်သောကြောင့် ၎င်းနယ်မြေအတွင်း ရှမ်းမျိုးနွယ်စုဝင်များ ကြိုတင်ကာကွယ်ရေး အတွက် စုရုံးလှုံ့ဆော်လျှက် ရှိပါသည်။
By Voice Of Kachin
Htar Nay






0 comments:
Post a Comment