Wednesday, October 21, 2015

အပြောခံရမယ့်အတူတူ ဂရုမစိုက်တာ အကောင်းဆုံးပဲ - သင်ဇာဝင့်ကျော်




လတ်တလောမှာ facebook ပေါ်က ဓာတ်ပုံတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ သင်ဇာဝင့်ကျော်က“သင်ဇာ့ကို ဝေဖန်ကြပါ။ ဝေဖန်မှုတွေကို လက်ခံနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ ဆိုတာ စိတ်ဝင်စားရင်တော့ ဝေဖန် ခံရမှာပဲလေ။ ပြီးတော့ သူများ အထင်ကြီးရင်လည်း ကဲ့ရဲ့ခံရမှာပဲ။ သူတို့က အထင်ကြီးလို့ ကိုယ့်ကို ကဲ့ရဲ့တာလေ။ အဲဒီအတွက်ကြောင့် သူတို့စိတ်ဝင်စားလို့၊ အထင်ကြီးလို့ ဝေဖန်တာ၊ ကဲ့ရဲ့တာကို ခံမယ်။ပြီးတော့ သင်ဇာ ဓာတ်ပုံတင်တယ်ဆို တာကလည်း ခရီးစဉ်တစ်ခုကို ရောက်လို့ ကိုယ့်ဘာသာကိုယ် ဂုဏ်ယူတဲ့အနေနဲ့ တင်တာပါ။ရှေ့လျှောက်ဘ၀မှာ ကိုယ်က အများ ကြီးဖြတ်သန်းရဦးမှာပါ။ အဲဒီချိန်မှာ ကိုယ့်ဘ၀အတွက် အမှတ်တရဖြစ် စရာတစ်ခုခု ကျန်ခဲ့စေချင်တယ်။ ဒီနေရာလေးမှာ ဒီလိုမျိုးလေး ရိုက်ခဲ့တယ်။ တစ်ချိန်က ကိုယ့်ရဲ့အလှအပက ဒီလိုမျိုးရှိခဲ့တယ်ဆိုတာ အသက် ကြီးတဲ့အချိန် အမှတ်တရပြန်ကြည့် လို့ရအောင်ပါ။

Facebook ဆိုတာ ကလည်း ဒီအကောင့်မပျက်မချင်း သုံးလို့ရတယ်လေ။ အဓိကကတော့ ကိုယ့်ရဲ့ဘ၀မှာ အမှတ်တရတစ်ခု အနေနဲ့ ထင်ကျန်ခဲ့အောင် တင်တာပါ။အဲဒီအတွက် ဘယ်သူတွေ ဘာပဲပြောပြော ဂရုလည်းမစိုက်ဘူး။ စိတ်လည်း မဆိုးဘူး။ ပြောချင်တာ ပြောကြပါစေ။

ဝေဖန်မှုတွေကို ခံနိုင်ရည်ရှိလာတာက အသက်အရွယ်နဲ့ရော ဆိုင်မလားဆိုတော့ အရင်တုန်းက နည်းနည်းဂရုစိုက်တယ်။ နောက်ပိုင်းကျတော့ လုံးဝကို ဂရုမစိုက်တော့ဘူး။ ဂရုစိုက်လည်းပြောတာပဲ၊ ဂရုမစိုက်လည်း ပြောတာပဲ။ အဲဒီတော့ အပြောခံရမယ့်အတူတူ ဂရုမစိုက်တာအကောင်းဆုံးပဲ။”

W.T.N
8 DAYS

No comments:

Post a Comment