Wednesday, October 14, 2015

မုံရွာ-မန္တလေးလမ်းပေါ်တွင် ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ဝင်တိုက်မိပြီး ခြောက်ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

ယာဉ်တိုက်မှုဖြစ်ပွားမှုကို တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ဝင်းမြင့်)

ရန်ကုန်မြို့မှ ပုလဲမြို့နယ် သို့မင်္ဂလာကိစ္စဖြင့်သွားသောမော် တော်ယာဉ်တစ်စီးသည် မုံရွာမြို့ နယ် မုံရွေးကျေးရွာအနီး မုံရွာ- မန္တလေး ကားလမ်းမကြီးပေါ်တွင် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မ ထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ၀င်တိုက်ရာ ယာဉ်ပေါ်ပါသူခြောက် ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။‘‘ရန်ကုန်မှာနေတဲ့ကောင် လေးက ပုလဲမြို့နယ်မှာနေတဲ့ ကောင်မလေးကို လက်ထပ်ဖို့ မင်္ဂလာကိစ္စသွားတယ်လို့ သိရပါ တယ်။ ယာဉ်မောင်းအိပ်ငိုက်ပြီး မုံရွာ-မန္တလေးကားလမ်း မုံရွေး ကျေးရွာအနီးမှာ လမ်းဘေးက ထ နောင်းပင်ကို အရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်လို့ အမျိုးသမီးခြောက်ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့တာ ပါ’’ဟု မုံရွာမြို့ မြို့မရဲစခန်းမှ ရဲ အရာရှိက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ်နေ အမျိုးသမီး နှစ်ဦး၊ ပုလဲမြို့နယ် မရိုးထုံး ကျေး ရွာနေအမျိုးသမီးတစ်ဦး၊ မန္တလေး မြို့စက်မှုဇုန် (၂) နေ အမျိုးသမီး တစ် ဦးနှင့် အမည်မသိအမျိုးသမီး နှစ်ဦးစုစုပေါင်း ခြောက်ဦးသေဆုံး ခဲ့ပြီး ယာဉ်မောင်းအပါအ၀င် ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့်မုံရွာ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment