မြန်မာလုပ်သား ၁၃ ဦး အား အလုပ်ထုတ်ပယ်မှုကြောင့် ဆန္ဒပြနေသော မြန်မာလုပ်သား များ၏ တောင်းဆိုမှုများကို ထိုင်း စက်ရုံ အလုပ်ရှင်က လိုက်လျော ပေးလိုက်ကြောင်း သတင်းရရှိ သည်။ဆန္ဒပြမြန်မာလုပ်သားများ က ထိုင်းအလုပ်ရှင်ထံ တောင်းဆို ချက် ၁၁ ချက် တောင်းဆိုခဲ့သည်။တောင်းဆိုချက်များတွင် အလုပ်ဖြုတ်ခံရသော လုပ်သား ၁၃ ဦး အလုပ်ပြန်လည် ရရှိရေး၊ တရားဝင်အလုပ်ပိတ်ရက်မှလွဲ၍ စက်ရုံ၏ချို့ယွင်းချက်နှင့် ပစ္စည်း ပြတ်လပ်မှုများကို အချိန်နေ့ ရက် အစားထိုး လုပ်ဆောင်မှုမပေး ရေး၊ မြန်မာလုပ်သားများ၏ ဗီဇာ အတုစာအုပ်များ အမြန်ရရှိမှ အလုပ်ပြန်ဆင်းရေး၊ MoU ၁၇၇ ဦး၏ အလုပ်ပါမစ်များပြန်လည် ပေးဆောင်ရေး၊ MoU အလုပ် သမားအသစ်များ လူနေဆောင်အမြန်ရရှိရေး စသည့်အချက်များ ပါဝင်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံရှိ ကြက်သားစက် ရုံအလုပ်ရှင်က မြန်မာလုပ်သား ၁၃ ဦးအား အောက်တို ဘာ ၇ ရက်က အလုပ်ထုတ်လိုက်သော ကြောင့် စက်ရုံရှိ မြန်မာလုပ်သား တစ်ထောင်ကျော်က အလုပ် ထုတ်ခံရသူများအား အလုပ်ပြန် ခန့်ပေးရန်နှင့် အလုပ်သမားများ ၏ အခွင့်အရေးများကို အပြည့်အ ဝပေးရန် အောက်တိုဘာ ၈ ရက် တွင် အလုပ်မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့သည်။
ဆန္ဒပြ တောင်းဆိုမှုများ ကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန် ရက်မှ တာဝန်ရှိသူများနှင့် ထိုင်း ရဲတပ်ဖွဲ့တို့က အလုပ်ရှင်၊ အ လုပ်သမားများနှင့် ညှိနှိုင်းပေးရာ အောက်တိုဘာ ၉ ရက်တွင် ထိုင်း အလုပ်ရှင်က တောင်းဆိုမှုများ ကို လိုက်လျောပေးခြင်း ဖြစ် သည်။
ကြက်သားစက်ရုံအလုပ်ရှင် သည် စက်ရုံတွင် လုပ်ကိုင်နေ သော မြန်မာလုပ်သား ခုနစ်ရာ၏ အလုပ်ဗီဇာများကို အတုလုပ်ပေး ထားခြင်း၊ မြန်မာလုပ်သား ၁၃ ဦးကို အလုပ်ထုတ်လိုက်ခြင်း ကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းစက်ရုံတွင် လုပ်ကိုင်နေသော မြန်မာလုပ် သား ကိုလရောင်က ပြောသည်။
‘‘အလုပ်သမားတွေက အ လုပ်မဆင်းဘဲ အလုပ်သမားအ ခွင့်အရေးရအောင် ဆန္ဒပြနေကြ တာပေါ့။ အလုပ်သမား သုံးဆယ် ရယ်၊ ထိုင်းအာဏာပိုင်တွေရယ်၊ ကျွန်တော်တို့အဖွဲ့က ဒုဥက္ကဋ္ဌ ရယ် ဆွေးနွေးကြတာပေါ့။
‘‘အလုပ်သမားတွေက ခြောက်နှစ်သမားတွေ ရှိတယ်။ ငါးနှစ်သမားတွေရယ် နောက်ပြီး အခုမှစဝင်တဲ့သူတွေရယ်ပေါ့။ ဆန္ဒပြတဲ့အကြောင်းရင်းကတော့ အလုပ်ရှင်က အလုပ်သမားအ ခွင့်အရေး ချိုးဖောက်မှုရှိတယ်။ အလုပ်သမားတွေရဲ့စာအုပ် ခုနစ် ရာလောက်ကို ၂ နှစ်ကုန်လို့ ဗီဇာ သက်တမ်းတိုးတဲ့အချိန်မှာ စက်ရုံ ကနေပြီးတော့ တာဝန်ခံ လုပ်ပေး တာပေါ့။ အဲဒီမှာ စာအုပ်တုံးထု တာ အတုဖြစ်နေတာ။ စက်ရုံက နေ တစ်နှစ်ရှိတဲ့အချိန်ထိ စာအုပ် တွေ မရောက်ရှိသေးတဲ့အတွက် ရယ်။ အဲဒီစာအုပ်တွေလည်း ငွေ ကြေးထပ်ပေးရတာပေါ့။ နောက် ပြီး အလုပ်သမား ၁၃ ဦးကို ဖြုတ် လိုက်တာပေါ့။ အဲဒီကနေ စတာ ပေါ့’’ဟု ကိုလရောင်က ပြောသည်။ မြန်မာလုပ်သား ၁၃ ဦးသည် အောက်တိုဘာ ၇ ရက်က စက်ရုံ တွင် အပေါ့သွားရာမှ သတ်မှတ် ထားသည့် အချိန်ထက် ကြာမြင့် နေ၍ အလုပ်ရှင်က အလုပ်ထုတ် ခြင်းဖြစ်ကြောင်း ကိုလရောင်ကပြောသည်။ ယင်းကြက်သား စက် ရုံတွင် အလုပ်သမားများ အပေါ့ တစ်ကြိမ်သွားလျှင် ၁၀ မိနစ် သတ်မှတ်ထားပြီး အလုပ်ထုတ် ခံရသော မြန်မာလုပ်သားများက သတ်မှတ်ထားချိန်ထက် ၂ မိနစ် ပိုနေသောကြောင့်ဟုဆိုကာ အ လုပ်ထုတ်ခံရခြင်းဖြစ်ကြောင်း သ တင်းရရှိသည်။
ဆန္ဒပြမြန်မာလုပ်သားများ သည် ၎င်းတို့တောင်းဆိုသော အ ချက်များကို အလုပ်ရှင်က လိုက် လျောပေးသောကြောင့် ဆန္ဒပြမှု ရပ်နားမည်ဖြစ်သော်လည်း အ လုပ်သမားခုနစ်ရာ၏ ဗီဇာစာအုပ် များ ပြန်လည်ရရှိမှ အလုပ်ပြန် ဆင်းပေးမည်ဟု သဘောတူထား ကြောင်း သတင်းရရှိသည်။
7Day Daily
No comments:
Post a Comment