Sunday, October 11, 2015

ပေါက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေး ယာဉ်ပေါ်မှ အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံး

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ မဲဆွယ်စည်းရုံးရေးယာဉ်ပေါ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျသေဆုံးမှုဖြစ်ခဲ့သည်ဟု သတင်းရရှိသည်။

ပေါက်မြို့နယ် ဆေးပင်ကြီး ရွာတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စား လှယ်လောင်းများ၏ အောက်တို ဘာ ၁၁ရက်က ပြုလုပ်သည့်စည်း ရုံးရေးခရီးစဉ်အတွင်းယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခြင်းဖြစ်သည်ဟု နယ်မြေခံရဲစခန်းဖြစ်သည့်ရေပြာ ရဲစခန်းမှူးကပြောသည်။‘‘အခုလက်ရှိ အခင်းဖြစ်တဲ့နေရာကို သွားနေတယ်။ ကားကချိုင့်ကို ရှောင်ရင်းဖြစ်တာ’’ဟု ရေပြာရဲစခန်းမှူးက အောက်တိုဘာ ၁၁ ရက် ညနေ ၆ နာရီခန့်တွင်ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ စည်းရုံး ရေးယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး ခြင်းဖြစ်သော်လည်း ပါတီဝင်ဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲ့အနေ ဖြင့် အတိအကျမသိရကြောင်း၎င်း ကပြောသည်။ ဒေသခံအချို့ကအ ဆိုပါအမျိုးသမီးမှာ ပြည်ခိုင်ဖြိုးပါ တီက နေ့စားငှား၍ခေါ်ဆောင် ထားခြင်းဖြစ်သည်ဟုပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ပေါက်မြို့ နယ်မှ မကွေးတိုင်းဒေသကြီး အ မှတ်(၂)လွှတ်တော် ကိုယ်စားလှယ် ဦးမိုးကိုကိုသို့ ဆက်သွယ် မေးမြန်းရာ ဖုန်းကိုင်ဆောင်သူအ မျိုးသမီး တစ်ဦးက နောက်တစ် ကြိမ်ဖုန်းပြန်ဆက်ရန်ပြောပြီးပြန် လည်ခေါ်ဆိုရာတွင် ဆက်သွယ်၍ မရတော့ပေ။

7Day Daily

No comments:

Post a Comment