Wednesday, October 7, 2015
အသက်(၄၄)နှစ်ပြည့်မွေးနေ့အလှူ ရေဘေးသင့်ပြည်သူတွေအတွက် ကျပ်သိန်း ၁၅သိန်း၊ ဘိလပ်မြေအိတ် ၂၀၀လှူခဲ့တယ်… စိုးမြတ်သူဇာ
လောလောဆယ်ဆယ်မှာတော့ ဒါရိုက်တာကိုဇော် (အာရုဏ်ဦး) ရိုက်ကူး တဲ့ ရှယ်ချွေးမရုပ်ရှင်ရိုက်အပြီးမှာ ဒါရိုက်တာဝင်းထွန်းထွန်းနဲ့ ၀ိညာဉ်စိမ်းရုပ်ရှင်ဇာတ်ကားကြီးကို ပုပ္ပါးမြို့မှာရိုက်ကူးနေပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက် က အသက် (၄၄)နှစ်ပြည့်မွေးနေ့မှာ မရမ်းကုန်းမြို့နယ် အေ၀မ်းခြံလမ်းက ဓမ္မာရုံမှာ သံဃာအပါး ၄၀၀ကျော်ကို အာရုံဆွမ်း လှူဒါန်းပြီး မွေးနေ့အလှူအနေနဲ့ ငွေကျပ် ၁၅သိန်းနဲ့ ဘိလပ်မြေအိတ်၂၀၀ ကို ရေဘေးသင့်ပြည်သူများထံ ကျိုက်ဝိုင်းဘုရားလမ်းပေါ်မှာရှိတဲ့ ရေဘေးသင့် ပြန်လည်ထူထောင်ရေးစင်တာမှာကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ပြီး မွေးနေ့မှာကုသိုလ်ကောင်းမှုတွေလည်း လက်လှမ်း မီသလောက်လုပ်ခဲ့ပါတယ်။ အသက်အရွယ်ကလည်း အရွယ်ရလာတော့ အရင်ကစိတ်တွေ ပိုပြီးတော့တည်ငြိမ်မှုရှိလာတယ်။ ရုပ်ရှင်မင်းသမီးတ္ထုကို ကိုယ်ကသရုပ်ဆောင်လုပ်နေတဲ့သူဆိုတော့ အားတဲ့ရက်မှာပဲရေးဖြစ်တယ်။ ဘယ်တော့ စာအုပ်ထွက် ဖြစ်မလဲတော့ မသိရသေးပါဘူး။
Shape Entertainment Journal

No comments:
Post a Comment