‘‘အမုန်းစကားနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကျယ်ပြန့်နေတဲ့ အတွက် လူမှုကွန်ရက်နဲ့ပတ်သက်တဲ့ စံနှုန်းတွေကို ပြည်တွင်းက အသုံးပြုသူတွေ လေ့လာမှုလုပ်နိုင်ဖို့အတွက် ဖေ့စ်ဘွတ်ခ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်’’ဟု ဖန်တီးရာမှ အရပ်ဘက် အဖွဲ့အစည်းဆိုင်ရာ စီမံခန့်ခွဲရေးတာဝန်ခံ မအိမြတ်နိုးခင်က ပြောသည်။
ဖေ့စ်ဘွတ်ခ်သည် လူမှုကွန်ရက်အသုံးပြုသူများ လိုက်နာရ မည့် စံနှုန်းများကို အချက် ၁၂ ချက်ဖြင့် ထုတ်ပြန်ထားပြီး အဆို ပါအချက်များကို မြန်မာနိုင်ငံမှအသုံးပြုသူများ လေ့လာရလွယ် ကူစေရန် ဖန်တီးရာမှ ဘာသာပြန်ပေးခဲ့ပြီး JOOSK မှ သရုပ်ဖော် ပေးထားသည်။
လူမှုကွန်ရက်ဆိုင်ရာစံနှုန်းများတွင် အကြမ်းဖက်မှုများ၊ အဖော်အချွတ်များ၊ မူပိုင်ခွင့်ဆိုင် ရာအချက်များ၊ အမုန်းစကားများ ပြောကြားခြင်း၊ ဓာတ်ပုံနှင့် ဗီဒီယိုမျှဝေမှုဆိုင်ရာစည်းမျဉ်းများ၊ ကိုယ်ရေးအချက်အလက်များစသည့် အချက်များအပါအဝင် အချက် ၁၂ ချက်ကို ဖော်ပြထားသည်။
ဖေ့စ်ဘွတ်ခ်မှ ထုတ်ပြန် သည့် လူမှုကွန်ရက်အသုံးပြုသူ များ လိုက်နာရမည့် စံနှုန်းများကို မြန်မာဘာသာဖြင့် လေ့လာလိုပါ က Facebook Safety အမည်ဖြင့် စာမျက်နှာတွင် PDF ဖိုင်ဖြင့် တင် ပေးထားပြီး Download ပြုလုပ်ကာ ရယူနိုင်သည်။
7Day Daily
No comments:
Post a Comment