စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လာမည့် ရွေးကောက်ပွဲ အတွက် မဲရုံလုံခြုံရေး ဆောင်ရွက်ရန် အထူးရဲများကို ခန့်ထားခြင်းနှင့် လုပ်ငန်းတာဝန်များ ပေးအပ်ခြင်း အခမ်းအနားကို ယခုလ(၂၀)ရက်နေ့၌ မြို့နယ်ခရိုင်အလိုက် တစ်ပြိုင်နက် ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ရွေးကောက်ပွဲအတွက် အထူးရဲများကို ခန့်ထားရာတွင် ၁၉၄၅ ခုနှစ် ရဲအက် ဥပဒေ ပုဒ်မ ၂၇/၂၈/၂၉ /၃၀ ရဲလက်စွဲ (ဒုတိယတွဲ) အပိုဒ် (၁၀၅၈) အထူးရဲနှင့် ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချူပ် ညွှန်ကြားချက်များအား ကိုးကားကာ လာမည့် ရွေးကောက်ပွဲ အတွက် မဲရုံလုံခြုံရေးနှင့် မဲဆန္ဒရှင်များ လုံခြုံရေးအတွက် ခန့်အပ် တာဝန်ပေးအပ်သွား မည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့နယ်မြေအတွင်း ခရိုင်ကိုးခု၊ မြို့နယ်(၃၇)မြို့နယ် ကျေးရွာပေါင်း (၆၀၈၇)ရွာရှိပြီး၊ အောက်တိုဘာလကုန် အထိ အသက် (၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အခြေခံမဲစာရင်းအရ (၃၆၁၈၈၄၃)ဦးတို့ အတွက် မဲရုံတစ်ရုံလျှင် အထူးရဲတစ်ဦးနှုန်း ဖြင့် အထူးရဲအင်အား (၃၇၁၀) ဦးအား ခန့်အပ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။
Messenger News Journal
No comments:
Post a Comment