Wednesday, October 7, 2015

ကုလ အထွေထွေညီလာခံ ဥက္ကဌကို အဂတိလိုက်စားမှုနဲ့ တရားစွဲ

ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံ ​ဥက္ကဌဟောင်းJohn ​Ashe ​နဲ့ ​တခြား ​လူ ​၅ ​ယောက်ကို ​အမေရိကန်က ​အဂတိလိုက်စားမှုနဲ့ ​တရားစွဲဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဌအဖြစ် ထမ်းဆောင်ဖူးသူ John Ashe (Credit: AFP) 

John ​Ashe ​ဟာ ​Antigua ​and ​Barbuda ​ဆိုတဲ့ ​နိုင်ငံရဲ့ ​ကုလသမဂ္ဂဆိုင်ရာ ​သံအမတ်အဖြစ် ​၂၀၁၃ ​ခုနှစ်နဲ့ ​၂၀၁၄ ​ခုနှစ်မှာ ​တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
အဲဒီရာထူးမှာ ​အလုပ်လုပ်နေတုန်း ​တရုတ်စီးပွားရေး ​သမားတွေဆီက ​ငွေကြေးတွေနဲ့ ​တိုက်အိမ်ဆောက်တဲ့ ​ကုမ္ပဏီတစ်ခုကနေ ​တရားမဝင်တဲ့နည်းနဲ့ ​ငွေကြေးတွေ ​ရယူခဲ့ပါတယ်။မက္ကာအိုမှာ ​ညီလာခံတွေ ​ပြုလုပ်ဖို့ ​စင်တာ ​တစ်ခု ​ဆောက်လုပ်သင့်တယ်လို့ ​ကုလသမဂ္ဂ ​အထွေထွေ ​ညီလာခံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်နေတဲ့ ​John ​Ashe ​က ​ကုလသမဂ္ဂကို ​အကြံပြုပေးတဲ့ ​အနေနဲ့ ​ငွေကြေးတွေကို ​လက်ခံခဲ့တာ ​ဖြစ်ပါတယ်။

အဲဒီ ​အဆောက်အဦးကို ​ကုလသမဂ္ဂက ​အကုန်ကျခံ ​ဆောက်ပေးမှာ ​ဖြစ်ပြီး ​ဆောက်လုပ်ဖို့ ​သင့်မသင့် ​ဆုံးဖြတ်နေတုန်းမှာပဲ ​John ​Ashe ​က ​ဆောက်လုပ်ရေး ​ကုမ္ပဏီက ​ငွေကြေးနဲ့ ​စီးပွားရှင်က ​ငွေကြေးတွေကို ​လက်ခံပြီး ​ဆောက်လုပ်ဖို့ ​လိုအပ်တယ်လို့ ​ကုလသမဂ္ဂကို ​အကြံပေးခဲ့တာလို့ ​ဆိုပါတယ်။

စုစုပေါင်း ​အမေရိကန် ​ဒေါ်လာ ​တစ်သိန်းခွဲ ​နီးပါးကို ​လက်ခံခဲ့တာဖြစ်ပြီး ​စီးပွားရှင်တွေရဲ့ ​ဆန္ဒပြည့်ဝအောင် ​ကုလသမဂ္ဂမှာ ​အကြံပေးတဲ့ ​ပုံစံမျိုး ​လုပ်ခဲ့တာလို့ ​စွပ်စွဲခံနေရပါတယ်။

John ​Ashe ​အပြင် ​ဒီလို ​အဂတိလိုက်စားမှုပါ ​ပါဝင်တဲ့ ​လူ ​ငါးယောက်လည်း ​တရားစွဲဆိုခံနေရပြီး ​ဒီအဂတိလိုက်စားမှု ​ရုပ်လုံးပေါ်လာတဲ့အခါ ​နောက်ထပ် ​တခြားလူတွေလည်း ​အပြစ်ပေးခံရနိုင်ပါတယ်။

အခုလောလောဆယ် ​ဒီကိစ္စကို ​အမေရိကန် ​တရားရုံးက ​အမေရိကန် ​စံတော်ချိန် ​အင်္ဂါနေ့မှာ ​စတင်ကိုင်တွယ်ပြီ ​ဖြစ်ပါတယ်။

John ​Ashe ​ကို ​လာဒ်ထိုးမှုတွေ ​လုပ်ခဲ့တဲ့ ​တရုတ်ကုမ္ပဏီဟာ ​မက္ကာအိုမြို့က ​အကြီးစား ​ဆောက်လုပ်ရေးတွေကို ​ဆောက်လုပ်နေတာ ​ဖြစ်ပြီး ​တရုတ်အစိုးရကို ​အကြံပေးတဲ့ ​အဖွဲ့လည်း ​ဖြစ်ပါတယ်။

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းကတော့ ​ဒီကိစ္စကို ​ကြားရပြီးနောက် ​အင်မတန် ​တုန်လှုတ်မိပြီး ​ဒီလုပ်ရပ်ဟာ ​ကုလသမဂ္ဂရဲ့ ​ကျင့်ဝတ်နဲ့ ​လုံးဝကို ​ဆန့်ကျင်နေတယ်လို့ ​ပြောကြားခဲ့ပါတယ်။

ABC

No comments:

Post a Comment