Monday, October 12, 2015

လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို မတရားအသင်းမှ ပယ်ဖျက်၊ နှစ်ဖွဲ့ကို အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်ကြောင်း ကြေညာ

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးလက်မှတ်မရေးထိုး မီ သုံးရက်အလိုတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို သမ္မတအမိန့်ဖြင့် မတရားအသင်း အဖြစ်မှ ပယ်ဖျက်ပေးလိုက် သည်။
မတရားအသင်းအဖြစ် ကြေ ညာထားသော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေးကောင်စီ၊ ရှမ်းပြည်တပ်မ တော် တောင်ပိုင်း (RCSS/SSA) တို့ကို သမ္မတအမိန့်ဖြင့် မတရား အသင်းအဖြစ်မှ ပယ်ဖျက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။ထို့အပြင် RCSS/SSA နှင့် ABSDF တို့ကို အောက်တိုဘာ၁၂ ရက်မှစ၍ အကြမ်းဖက်သူများအဖြစ်မှ ပယ်ဖျက်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာ ချုပ်ကို အောက်တိုဘာ ၁၅ ရက် တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့တို့ လက်မှတ်ရေးထိုးကြမည် ဖြစ် သည်။ ယင်းအဖွဲ့ရှစ်ဖွဲ့မှာ KNU၊ RCSS/SSA ၊ ABSDF ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ်(PNLO)၊ ချင်းအမျိုးသားတပ် ဦး (CNF) ၊ ရခိုင်လွတ်မြောက် ရေးပါတီ (ALP) ၊ DKBA နှင့်ငြိမ်း ချမ်းရေးကောင်စီ (PC) တို့ဖြစ် သည်။ ကျန်အဖွဲ့ငါးဖွဲ့မှာ မတရား အသင်းအဖြစ် ကြေညာထားခြင်း မရှိသောကြောင့် ပယ်ဖျက်အမိန့် ထုတ်ပြန်ရန် မလိုအပ်ကြောင်း အစိုးရဘက်ကဆိုသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် အစိုးရဘက်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့အနက် ရှစ် ဖွဲ့က သဘောတူခဲ့ခြင်းဖြစ်သည်။

KNU ကလည်း ပြည်တွင်း စစ်ချုပ်ငြိမ်းရေးနှင့်စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်မှုမှ တစ်ဆင့် ပါဝင်သင့်၊ ပါဝင်ထိုက် သူများနှင့်အတူ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံ ဆွေးနွေးရေးကို အခြေခံ၍ ပင်လုံ စိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အာမခံ ချက်အပြည့်အ၀ရှိသော ဒီမိုက ရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေ ခံသည့် ပြည်ထောင်စုကို နိုင်ငံ ရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်နိုင်သည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

7Day Daily

No comments:

Post a Comment