Tuesday, October 13, 2015

ယာဉ်မဆင်မခြင်မောင်းတဲ့ ချင်း NLD ဥက္ကဌ ရွေးကောက်ပွဲဝင်ခွင့်ရပါ့မလား


ယာဉ်မဆင်မခြင်မောင်းနှင်မူဖြင့် အမှုဖွင့်ခံထားရသည့်ချင်းပြည်နယ် NLD ပါတီဥက္ကဌရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိမရှိကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သို့ တင်ပြထားကြောင်းသိရသည် ။
ယခုလ ၁၁ ရက်နေ့နံနက် ၇ နာရီ ၁၅ မိနစ်တွင် ချင်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇိုဘွေး မောင်းနှင်လာသော Prado ယာဉ်သည် ချင်းပြည်နယ် အစိုးရရုံးမှဆေးရုံဘက်သို့ အပြန်တောင်ဆင်းလမ်းတွင် အရှိန်မထိန်းနိုင်၍ ဆိုင်ခန်းများအားတိုက်ပြီး ပေ ၂၀ ခန့်ရှိသည့်ချောက်အတွင်းသို့ ပြုတ်ကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည် ။အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဦးဇိုဘွေးအားဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှ ပုဒ်မ(၂၇၉)၊ပုဒ်မ(၄၂၇)တို့ ဖြင့်အမှုဖွင့်ထားသည် ။အဆိုပါကိစ္စနှင့်ပတ်သတ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ
တာဝန်ရှိသူတစ်ဦးက "သူကတရားစီရင်ချက်ကိုစောင့်ရမယ် ။အကယ်၍ထောင်ကျသွားရင်တော့သူပြုတ်ပြီ "ဟုပြောသည် ။ဦးဇိုဘွေးသည် ဟားခါးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်ဟုသိရသည် ။

ဇေဝေယံ
ဓါတ်ပုံ -MOI
Popular News Journal

No comments:

Post a Comment