Monday, January 11, 2016

ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှု သက်သာစေမယ့် မီးဖိုချောင်ထဲကအရာများ

ဂေါ်ဖီထုပ်က နာကျင်မှုကို လျော့ပါးစေတယ်ဆိုတာ လူတွေ သိပ်မသိကြပါဘူး။ နို့တိုက် မိခင်တွေအတွက်တော့ ဂေါ်ဖီထုပ်ရဲ့အကြောင်းကို သိရင် ဝမ်းသာရမှာပါ။


ချက်ပြုတ်ဖို့အတွက် ထားရှိတဲ့ မီးဖိုချောင်ထဲက အရာတွေဟာ သာမာန်ဖြစ်ပွားလေ့ရှိတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတာ သိပါသလား။ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့ အခုပဲ မီးဖိုချောင်ထဲ သွားလိုက်ပါ။
၁။ နနွင်း

နနွင်းဟာ နာကျင်မှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ အဆစ်အမြစ်ကိုက်သူတွေလည်း နနွင်းကို အသုံးပြုနိုင်ပါတယ်။ အချို့ကတော့ နနွင်းနဲ့ နွားနို့ကို ရောစပ်သောက်သုံးကြသလို ဒီအတိုင်းလည်း သောက်ကြပါတယ်။
၂။ ကြက်သွန်ဖြူ


ကြက်သွန်ဖြူကို အနံ့ပြင်းလို့ဆိုပြီး ရှောင်ကြဉ်စရာမလိုပါဘူး။ ကြက်သွန်ဖြူဆီကို နောက်ကျော နာကျင်မှုတွေအတွက် လိမ်းပေးရင် သိသိသာသာ သက်သာလာတာ ခံစားရမှာပါ။
၃။ ကြက်သွန်နီ

နားကိုက်ရင် ကြက်သွန်နီကို သတိရပါ။ ကြက်သွန်နီကို အရည်ညှစ်ပြီး ရလာတဲ့အရည် ၂ စက်၊ ၃ စက်ခန့်ကို နားထဲကို ထည့်လိုက်ရင် မိနစ်ပိုင်းအတွင်းမှာ နားကိုက်သက်သာပါတယ်။
၎။ ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ်က နာကျင်မှုကို လျော့ပါးစေတယ်ဆိုတာ လူတွေ သိပ်မသိကြပါဘူး။ နို့တိုက် မိခင်တွေအတွက်တော့ သိထားဖို့လိုပါတယ်။ ရင်သားတွေ ကိုက်ခဲနာကျင်မှုနဲ့ ကြုံလာရပြီဆိုရင် ဂေါ်ဖီထုပ်က အဖတ်(အရွက်)တွေကို အအေးခံပြီး ရင်သားကို ကပ်ပေးရပါမယ်။ ၃ မိနစ်လောက် ကပ်ထားပေးပြီးလို့ ဂေါ်ဖီဖတ်တွေ ညှိုးပြီး ပျော့သွားရင် ဖယ်ရှားလိုက်ရမှာဖြစ်ပါတယ်။
၅။ လေးညှင်းပွင့်

သွားကိုက်နေရင်တော့ လေးညှင်းက ဆရာတစ်ဆူပါပဲ။ သွားကိုက်၊ သွားနာတာတွေ သက်သာစေဖို့ လေးညှင့်ပွင့်ကို ကြိတ်ပြီး ကိုက်တဲ့သွားပေါ်မှာ အုံထားပေးရင် ချက်ခြင်းသက်သာသွားပါလိမ့်မယ်။

Source & Photo : Lifehack
7Day Daily

No comments:

Post a Comment