Wednesday, January 27, 2016
အခွင့်အရေးရမယ်ဆို ရုပ်ရှင်ကားကြီးတွေမှာ သရုပ်ဆောင်ခွင့်ရချင်ပါတယ် - ဆုမြတ်နိုးကျော်
Q. လတ်တလောလှုပ်ရှားမှုတွေက ...
A. Huawei ပွဲအတွက် ဘန်ကောက်ကို ပွဲတက်ဖို့အစီအစဉ်ရှိပါတယ်။ ဖေဖော်ဝါရီလထဲမှာ မြတ်နိုး ရဲ့ဆိုင်ဖွင့်ပွဲလေးရှိတာကြောင့် ပြင်ဆင်နေပါတယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေအတွက် Cover တွေရိုက် ဖြစ်ပါတယ်။Q. Red Lip ရဲ့လှုပ်ရှားမှုတွေက ...
A. မြ၀တီနှစ်ပတ်လည်အတွက် ရိုက်ကူးရေးရှိပါတယ်။ နောက်ထပ် သီချင်းအသစ်လုပ်ဖို့အစီအစဉ်ရှိပါတယ်။ Studio ရက်ကိုစောင့်နေ တာပါ။
Q. Red Lip ရဲ့ လေးယောက် မှာ ခေါင်းဆောင်က ဘယ်သူဖြစ်မလဲ ...
A. အားလုံးက ကိုယ့်အရည်အချင်းနဲ့ကိုယ်ရှိတာကြောင့် ကိုယ့်နေ ရာနဲ့ကိုယ်ပါပဲ။ ခေါင်းဆောင်ရယ်ဆို တာမရှိပါဘူး။
Q. သူစိမ်းလေးယောက်ဖွဲ့စည်း ထားတာကြောင့် အများဆုံးရင်ဆိုင်ရတဲ့ အခက်အခဲတွေက ...
A. မိန်းကလေးတွေချည်းပဲဖြစ်တာကြောင့် အစပိုင်းမှာတော့ စကားများတာတွေ ပဋိပက္ခတွေတော့ ရှိတာပေါ့။ ဒါပေမဲ့ တွေ့တဲ့အခါကျ တော့ ရယ်ရယ်မောမောနဲ့ စိတ်ဆိုး စိတ်ကောက်တာပျောက်သွားကြ တယ်။ အားလုံးရဲ့သွားချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကလည်း တူနေတော့ နားလည်မှုတွေရှိကြပါတယ်။
Q. တခြား Girl Band တွေ အပေါ် ကိုယ်ထားရှိတဲ့အမြင်က..
A. အဲဒီလိုမသတ်မှတ်ထားပါ ဘူး။ ကိုယ်တွေလည်းကြိုးစားကြရ မယ်။ အရင်ကထက်အချိန်ပိုပေးကြ ရမယ်။ ကိုယ့်အဖွဲ့က Model တွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ အလှအပနဲ့ ဖက်ရှင်ပိုင်းကတော့ ပြောစရာမလို တော့ဘူး။ ဒီနှစ်ထဲမှာ Red Lip အနေနဲ့ အခွေထွက်နိုင်အောင် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။ သူများအဖွဲ့ကိုတော့ ဘယ်လိုမှမမြင်တတ်ပါဘူး။
Q. မော်ဒယ်လ်လောကမှာ အသစ်တွေအပြိုင်အဆိုင်ပေါ်နေတော့ ငြီးငွေ့နေပြီလား ...
A. ကိုယ်က၀ါသနာပါလို့လုပ်တာကြောင့် ငြီးငွေ့တာမျိုးမရှိပါဘူး။ ဓာတ်ပုံတွေရိုက်၊ Show တွေလျှောက် ရလို့ပျော်ပါတယ်။ အသစ်ပေါ်လာပေမယ့်လည်း မြတ်နိုးတို့က ပရိသတ် သိသင့်သလောက်သိနေပါပြီ။ အ သစ်ဆိုတာ အပြိုင်အဆိုင်တွေပေါ် နေမှာပါပဲ။
Q. ကိုယ်ကမော်ဒယ်လ်အသစ် တွေကြားမှာ စီနီယာဖြစ်နေပြီလား ...
A. အရင် သုံး၊ လေးနှစ်က တော့ အခုထက်ပိုပြီး စီနီယာ၊ ဂျူနီ ယာတွေကို ခွဲခြားပြီးပညာပြချင်ကြတယ်။ အခုချိန်မှာ မော်ဒယ်လ်တွေ အများကြီးပေါ်လာတာကြောင့် ခွဲခြားမှုတော့မရှိတော့ပါဘူး။ ပရိသတ် တွေပေးတဲ့နေရာရှိပြီးသားပါ။
Q. ဆိုင်ဖွင့်ဖြစ်တာက စီးပွားရေးအနေနဲ့လုပ်တာလား ...
A. စီးပွားရေးတစ်ခုအနေနဲ့ လုပ်တာပါ။ ဒီအလုပ်ကလည်း Hair and Beauty ဆိုတော့ လက်ရှိ အလုပ်နဲ့ခွဲထွက်တာမျိုး မရှိပါဘူး။
Q. မော်ဒယ်လ်၊ သီချင်းဆို၊ ဆိုင်ထိုင်အနေနဲ့ပဲ ရပ်တည်သွားမလား ...
A. အခွင့်အရေးရမယ်ဆို သရုပ်ဆောင်လည်း လုပ်ချင်ပါတယ်။ မြတ်နိုးက သင်တန်းလည်းမတတ် ထားတော့ လေ့ကျင့်ရုံပဲရှိပါတယ်။ အခွင့်အရေးရရင် ရုပ်ရှင်ကားကြီးတွေမှာ သရုပ်ဆောင်ခွင့်ရချင်ပါတယ်။
8days





No comments:
Post a Comment