Wednesday, January 6, 2016

ကိုယ့်အသက်အရွယ်နဲ့ sexy ပုံတွေမရိုက်သင့်တော့မှန်း လက်ခံပါတယ် - အေးမြတ်သူ


လတ်တလော ပုရိသတွေအရမ်းအားပေးနေတှဲ့ Smart Group ဓာတ်ဆီဆိုင်က ရိုက်တဲ့ပြက္ခဒိန်မှာပါတဲ့ အေးမြတ်သူက sexy ဆန်တဲ့ ဓာတ်ပုံတွေမရိုက်ဖြစ်တာ ငါးနှစ်ခြောက်နှစ်လောက်ရှိပေမယ့် ခန္ဓာကိုယ် perfect ဖြစ်နေလို့ ရိုက်ဖြစ်တာပါလို့ ပြောပါတယ်။ အေးမြတ်သူရဲ့ အလန်းစားဓာတ်ပုံတွေနဲ့ပတ်သက်လို့ ဒီပုံနဲ့ပတ်သက်လို့ ပြောရရင် အေးမြတ်သူက အသက် ၃၀ ဖြစ်နေပါပြီ။ အသက်လည်းကြီးနေပါပြီ။ ကိုယ့်ကိုယ်ကိုယ်လည်း တည် ငြိမ်ရင့်ကျက်အောင် နေပါတယ်။ တစ်ခါတလေကျတော့လည်း အလှ ဓာတ်ပုံလေးတွေ ရိုက်ချင်လာလို့ ရိုက်လိုက်တာပါ။ ကိုယ်ကလည်း လေ့ကျင့်ခန်းတွေလုပ်ထားတဲ့အချိန် မှာ ကိုယ့်ခန္ဓာကိုယ်ကလည်း Perfect ဖြစ်နေတဲ့အချိန်မှာ ရိုက်ချင်တဲ့ စိတ်ဖြစ်လာလို့ပါ။ သေချာတာကတော့ ညီမဒါမျိုးအမြဲတမ်းမရိုက်ပါဘူး။ ညီမကရိုက်တယ်ဆိုပေမယ့် အရမ်းကြီးပူလောင်တဲ့ ပုံစံမျိုးတွေမ ရိုက်ပါဘူး။ ကိုယ့်အသက်အရွယ်နဲ့ ဒီလိုပုံတွေ မရိုက်သင့်တော့မှန်းလည်း လက်ခံပါတယ်။ တစ်ခါတလေကျတော့ ကိုယ့်ရဲ့မသိစိတ်လေးကို အလိုလိုက်မိတာတော့ ရှိတာပေါ့။ ဒီအပေါ်မှာ မကြိုက်တဲ့သူတွေကို တောင်းပန်ပါတယ်။ အားပေးတဲ့ ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။

8days/TDP

No comments:

Post a Comment