အရက်သောက်သုံးပြီးနောက် တစ်နာရီအတွင်း လေဖြတ်ခြင်းနှင့် နှလုံးရောဂါထခြင်းဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်နှစ်ဆမြင့်မား ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရသည်။
ယင်းအန္တရာယ်နှင့် ပတ်သက်၍ ပိုမိုကောင်းမွန်စွာ သိရှိနိုင်ရန် လေ့လာမှုပေါင်း ၂၃ ခုတွင် လူသုံးသောင်းကျော်ကို သုတေသနပြု ခဲ့ခြင်းဖြစ်သည်။
အရက်အတန်အသင့်သောက်သုံးလျှင်ပင် အရက်သောက်သူ ၏ လေဖြတ်နိုင်ခြင်း (သို့မဟုတ်) နှလုံးရောဂါထနိုင်သည့် အန္တရာယ်ကို နှစ်ဆမြင့်တက်စေနိုင်ကြောင်း အမေရိကန်သုတေသီများ လေ့လာတွေ့ရှိခဲ့သည်။အရက်အတန်အသင့် သောက်သုံးသည်ဆိုခြင်းမှာ အမျိုးသမီးများအတွက် အရက်တစ်ပက်ကိုဆိုလိုပြီး အမျိုးသားများအတွက် အရက်နှစ်ပက်သောက်သုံးမှုကို ဆိုလိုသည်။
အရက်သောက်ပြီး ပထမဆုံးတစ်နာရီအတွင်း လေဖြတ်ခြင်းနှင့် နှလုံးရောဂါထနိုင်သည့် အန္တရာယ်နှစ်ဆမြင့်တက်နိုင်သည်။
သို့သော် ၂၄ နာရီ ကြာပြီးနောက်တွင် အရက်အလွန်အကျွံသောက်ခြင်းကသာ ယင်းအန္တရာယ်များ ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။
တစ်နည်းပြောရမည်ဆိုပါက အရက်အလွန်အကျွံ သောက် ခြင်းကြောင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါထနိုင်သည့် အန္တရာယ်ကို ရေတိုရေရှည်နှစ်မျိုးစလုံး ကြုံတွေ့နိုင်သည်။
အရက်သောက်လိုက်ပြီးနောက် နှလုံးခုန်နှုန်းနှင့် သွေးပေါင်နှစ် ခုစလုံးမြင့်တက်လာပြီး သွေးဆဲလ်များ ပို၍ စေးပျစ်လာသည်။
ယင်းအခြေအနေက လေဖြတ်ခြင်းနှင့် နှလုံးရောဂါထနိုင်သည့် အန္တရာယ်များကို မြင့်တက်လာစေသည်ဟု သုတေသီများက ပြောသည်။
သို့သော် ပုံမှန်မဟုတ်ဘဲ အချိန်အခါလိုက်၍ အရက်အနည်း ငယ်သောက်ပေးခြင်းဖြင့် ကောင်းသော ကိုလက်စထရောများကို ပိုများလာစေကာ နှလုံးသွေးကြောဆိုင်ရာရောဂါအန္တရာယ်ကို လျော့ကျစေနိုင်သည်ဟု သုတေသီများက ပြောသည်။
အရက်အလွန်အကျွံသောက်သုံးပါက နှလုံးရောဂါနှင့် လေဖြတ်နိုင်ခြင်းအန္တရာယ် မြင့်မားခြင်းနှင့် မလွဲဧကန်ကြုံတွေ့ရမည်ဖြစ်သည်။
တစ်နေ့လျှင် အရက်ခြောက်ပက်မှ ကိုးပက်အထိသောက်သုံး ပါက ယင်းအန္တရာယ် နှစ်ဆအထိ မြင့်တက်လာနိုင်သည်။
ယခုလေ့လာမှုကို Heart Association ဂျာနယ်တွင် ဖော်ပြထားသည်။
—Ref: TOI
7Day Daily
No comments:
Post a Comment