
သေဒဏ်ကျ မြန်မာလူငယ်နှစ်ဦးကို ထိုင်းအာဏာပိုင်တစ်ဦးနှင့်အတူတွေ့ရစဉ်(NICOLAS ASFOURI/AFP)
‘‘မလေးရှား အတိုက်အခံ ခေါင်းဆောင်ဟောင်း အန်ဝါအီဘရာဟင်မ်အတွက် ကိုယ်စားပြု ဖူးတဲ့ ဩစတြေးလျနိုင်ငံသား ရှေ့နေ မတ်ခ်ထရော်ဝဲလ်အပါ အဝင် နိုင်ငံခြားဥပဒေပညာရှင်တွေက ဝိုင်းဝန်း ကူညီကြပါတယ်’’ ဟု ၎င်းက ဆိုသည်။
နခေါ်၏အဆိုအရ ဗြိတိန်နိုင်ငံသားနှစ်ဦးကို သတ်ဖြတ် ကြောင်း စွပ်စွဲခံထားရသည့် မြန်မာလူငယ်နှစ်ဦးအတွက် တင် သွင်းမည့် အယူခံကိစ္စများ ၆၀ ရာခိုင်နှုန်း ပြီးပြတ်နေပြီဟု သိရသည်။ အယူခံရုံးအနေဖြင့် ယခု အမှုကို အလေးအနက်ထား စဉ်း စားမည်ဟု နခေါ်က ယုံကြည်နေသည်။
‘‘DNA စုဆောင်းရယူမှု နည်းလမ်းတွေအပါအဝင် တချို့ကိစ္စတွေမှာ နိုင်ငံခြားက မှုခင်းပညာ ရှင်တွေရဲ့ အကူအညီကို ရပါတယ်။ စုံစမ်းစစ်ဆေးမှု ကိစ္စတွေမှာရောပေါ့။ ဒီလိုပံ့ပိုးမှုတွေကအယူခံဝင်မှု လုပ်ထုံးလုပ်နည်း တွေမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်’’ဟု နက်ခွန်းက ပြော ကြားခဲ့သည်။
၎င်းက ‘‘မစ္စတာ ထရော်ဝဲလ် လို ဥပဒေပါမောက္ခတစ်ဦးက ဒီအမှုမှာ ကျွန်တော်တို့ကို အကြံဉာဏ်တွေပေးခဲ့တာဟာ အရမ်းအကူအညီရပါတယ်။ DNA စုဆောင်းရယူမှု သက်သေခံချက်တွေနဲ့ပတ်သက်ရင် သူ့မှာ ဗဟု သုတနဲ့ အတွေ့အကြုံတွေ အများကြီးရှိတယ်။ စုံစမ်းစစ်ဆေးမှုဆိုင်ရာ စံသတ်မှတ်ချက်တွေရော ဆိုပါတော့။ ဒီအချက်တွေကို အသုံးပြုပြီး အယူခံရုံးမှာ ကျွန်တော်တို့ တန်ပြန်ထောက်ပြနိုင် ခြေတွေ ရှိပါတယ်’’ဟုလည်း ဆိုပြောကြားသည်။
ထိုင်းတွင် သွားရောက်အ လုပ်လုပ်နေသည့် မြန်မာလူငယ် များဖြစ်သော ဇော်လင်းနှင့် ဝင်း ဇော်ထွန်းတို့သည် ၂၀၁၄ က ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာနှင့် ဟန်နာဝစ်သာရစ်ခ်ျတို့ကို သတ် ဖြတ်မှု၊ မုဒိမ်းမှုများအတွက် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သေဒဏ်စီရင်ချက် ချမှတ်ခံခဲ့ရသည်။ ယင်း အမှုကို အယူခံဝင်ခွင့်ပေးထားပြီး နခေါ်၏ တောင်းဆိုမှုကြောင့် အယူခံဝင်မည့်ရက်ကို သုံးကြိမ် ရွှေ့ဆိုင်းထားပြီးဖြစ်သည်။ ဧပြီ ၂၂ ရက်တွင်မူ ယင်းအမှုကို အယူခံဝင်ဖြစ်မည်ဟု ယူဆရသည်။
နခေါ်၏ ဥပဒေအကျိုး ဆောင်အဖွဲ့အတွက် ပါဝင်ကူညီနေသော ဗြိတိန်လူ့အခွင့်အရေး လှုပ်ရှားသူ အန်ဒီဟောလ်က လည်း ကမ္ဘာတစ်ဝန်းမှ ဥပဒေနှင့်မှုခင်းရေးရာပညာရှင် အများအ ပြားက အသုံးဝင်သည့် အကြံ ဉာဏ်များပေးခဲ့ကြောင်း အတည် ပြုခဲ့သည်။
—Ref: Phuket Gazette
7Day Daily
No comments:
Post a Comment